တိုတောင်းလှတဲ့
လူ့ဘဝလေးမှာ
ကိုယ်က
ခွင့်လွှတ်ချင်ရင်တောင်
သူက မရှိနိုင်တော့သလို
သူ့ရဲ့ခွင့်လွှတ်မှုကို
မခံယူခင်မှာ
ကိုယ်လည်း
မရှိနိုင်တော့တာမျိုးလည်း
ဖြစ်သွားနိုင်ပါတယ်။
ဒါ့ကြောင့်မို့
သက်ရှိထင်ရှား
ရှိနေခိုက်မှာ
ခွင့်လွှတ်သင့်တဲ့သူကို
ခွင့်လွှတ်ကြဖို့၊
တောင်းပန်သင့်တဲ့သူကို
တောင်းပန်ကြဖို့ ဝန်မလေးကြပါနဲ့။
ကိုယ်ပျော်ရွှင်ရဖို့
သူတပါးရဲ့ဘဝတွေ မပျက်ပါစေနဲ့။
ကိုယ်စားရဖို့အတွက်
သူတပါးတွေ မငတ်ပါစေနဲ့။
ကိုယ်ရယ်မောရဖို့အတွက်
သူတပါးရဲ့ဂုဏ်သိက္ခာ မထိခိုက်ပါစေနဲ့။
ကိုယ်အထင်ကြီးခံရဖို့အတွက်
သူတပါးဘဝတွေကို တက်မနင်းမိပါစေနဲ့။
ဘဝက တိုတိုလေးပါ။
ဘယ်အရာမှ မမြဲကြပါဘူး။
မေတ္တာဖြင့်
ပြန်လည်မျှဝေပါသည်။
အရှင်ဇဝန(လယ်ဝေး)

image