2 w - Translate

၇ ရက်မြောက်နေ့အထိ Great Wall ဟိုတယ်မှာ ပိမိနေတဲ့ မိသားစုဝင် ၃ ယောက်လုံးကို ရှာဖွေခွင့်မရသေးတဲ့ မိခင် 💔

၇ ရက်ဆိုတဲ့အချိန်အတိုင်းအတာဟာ လူတစ်ဦး အသက်ရှင်သန်ကျန်ရစ်ဖို့ မျှော်လင့်ချက်နည်းပါးနေပေမယ့် မိသားစုဝင်ဖြစ်တဲ့ သမီးလေး နှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ သူမကတော့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို ဖော်ခွင့်ရဖို့ မျှော်လင့်နေတာပါ။ သို့သော်လည်း ဒီနေ့အချိန် ၇ ရက်မြောက်နေ့အထိ ပိတ်မိနေတဲ့ Hotel အရှေ့ဘက်ခြမ်းကို ဖြိုချခွင့်လည်းမပေးသလို အပေါ်ထပ်တွေမှာ ဧည့်သည်တွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေရှိတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထက်ကိုစာတင်ပြီးမှ ဖြိုချလို့ရမယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးဝင်တဲ့ရက်ဟာ ၃ ရက်မြောက်နေ့မှာ ဝင်ခဲ့ပေမယ့် ဟိုတယ်ရဲ့ အနောက်ဘက်ခြမ်းကိုသာ ဝင်ခဲ့ပြီး အရှေ့ဘက်ခြမ်းကို ကယ်ဆယ်ရေးမဝင်ခဲ့တာက အရှေ့ဘက်မှာ လူသိပ်မရှိဘူးဆိုတဲ့အကြောင်းပြချက်ကြောင့်ရယ်နဲ့ အသက်ရှင်သန်သူမရှိတော့ဘူးဆိုတာကြောင့် ကယ်ဆယ်ရေးဆက်မလုပ်တော့ကြောင်း မိခင်ဖြစ်သူ သူမကဆိုပါတယ်။ ဟိုတယ်ဘက်ကလည်း တာဝန်ယူသူမရှိ ၊ ပူးပေါင်းပါဝင်မှုမရှိကြောင်းနဲ့ မိခင်ဖြစ်သူ သူမရဲ့ပူလောင်သောကတွေကြောင့် ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီကာ ပြောပေးကြဖို့ သူမက တောင်းဆိုထားပါတယ်။

#crd
#celenews

image