ဂျပန်နိုင်ငံက Air Danshin လို့နာမည်ရှိတဲ့ ကုမ္ပဏီတစ်ခုက ငလျင်လှုပ်တဲ့အချိန်မှာ အိမ်ကိုလေပေါ်မျှောနေစေမယ့် နည်းပညာကိုတီထွင်နေပါတယ် ။
ဒီစနစ်မှာ ပါဝင်တဲ့ အာရုံခံကိရိယာများက မြေငလျင်လှုပ်ခတ်မှုကို သိရှိသွားတဲ့အခါမှာ
အိမ်အောက်ရှိ လေအိတ်ကို အလိုအလျောက်
ဖွင့်ပေးမှာဖြစ်ပြီး အိမ်ကို ၃ စင်တီမီတာခန့် မြှင့်တင်ပေးလိုက်မှာဖြစ်ပြီး
ငလျင်ဒဏ်ကိုမခံစားရအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ် ။
