2 w - Translate

ခေါင်းပြတ်သရဲ

=======================
၂၀၁၉ ခုနှစ်က အတော်လေးနာမည်ကြီးခဲ့တဲ့ ပရိသတ်တွေကြားမှာ လူပြောများခဲ့တဲ့inhuman kissဆိုတဲ့ horrorကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမဲ့ ရင်ဖိုရတဲ့ခံစားချက်အပြင် အလွမ်းအဆွေးလေးတွေပါ ပါဦးမဲ့ တစ္ဆေမလေးရဲ့အချစ်ဇာတ်လမ်းလေးဆိုတော့ ကြောက်လို့ပဲဖြစ်ဖြစ် ငိုချင်လို့ပဲဖြစ်ဖြစ် ဖက်ထားလို့ရမဲ့လူနဲ့ အတူကြည့်ရင်တော့ အတော်လေးအဆင်ပြေမှာပါ။

ဇာတ်လမ်းအကျဉ်း
စိုင်ရယ် နွိုင်ရယ် ဂျာ့ရယ်ဆိုတာက ငယ်စဉ်ကတည်းက လည်ပင်းဖက်ပေါင်းပြီး အတူသွား အတူကစားရင်း ကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်း ၃ ယောက်ပေါ့။ သူငယ်ချင်းဆိုပေမဲ့ ဂျာ့ကစိုင်ကိုချစ်နေသူဖြစ်ပြီး စိုင်ကတော့ အားနွဲ့တဲ့ကောင်လေးဖြစ်တဲ့နွိုင်ကို သံယောဇဉ်ပိုသူပါ။ သူတို့ရဲ့ရွာမှာကတော့ ရှေးလူကြီးတွေရဲ့ပြောစကားအရ ခရာဆူးဆိုတဲ့ စုန်းမျိုးနွယ်တွေနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ပုံပြင်တွေ ရှိပါတယ်။ ခရာဆူးဆိုတာကတော့ နေ့ဘက်မှာလူလိုနေပြီးတော့ ညဘက်ရောက်ရင် ခေါင်းပြတ်သရဲအဖြစ်ပြောင်းပြီး သွေးကိုတောင့်တတတ်တဲ့ သရဲတစ်ကောင်ပေါ့…✔️

image