နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသိုတက်ရောက်
********************
(ပြည်တွင်း) ဧပြီ ၄
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းစတက် အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲများအား ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချု်ပ်များအား ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဘင်းမ်စတက်အဖွဲ့ ဝင်နိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များနှင့်အတူ ကြိုဆိုဂုဏ်ပြုညစာကို အတူတကွသုံး ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြံပေးပုဂ္ဂိုလ်ချုပ် Dr. Muhammad Yunus ၊ ဘူတန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Tshering Tobgay ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi ၊ နီပေါနိုင်ငံဝန်ကြီးချုပ် H.E.Mr. KP Sharma Oli သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
