ငလျင်ကယ်ဆယ်ရေးအတွက် DeepSeek အရေးပေါ် ဘာသာပြန်စနစ်ဖန်တီး
မြန်မာ့ငလျင်ဘေး ကယ်ဆယ်ရေးမှာ ဘာသာစကားပြဿနာကျော်လွှားနိုင်ဖို့ DeepSeek AI ကို အခြေခံထားတဲ့ တရုတ်-မြန်မာ-အင်္ဂလိပ် ဘာသာပြန်စနစ်တစ်ခု သုံးနေတယ်လို့ မြန်မာနိုင်ငံ တရုတ်သံရုံးက ပြောပါတယ်။
ဒီအရေးပေါ် ဘာသာပြန်စနစ်ကို ၇ နာရီအတွင်း ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ CCTV သတင်းမှာတော့ ဒီ system ကို တရုတ်အမျိုးသားဘာသာစကားဝန်ဆောင်မှုအတွင်းဝန်ရုံးနဲ့ ဘေဂျင်းဘာသာစကားနဲ့ ယဉ်ကျေးမှုတက္ကသိုလ်တို့ ပေါင်းပြီး ရေးဆွဲထားတာလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုချိန်အထိ ဒီပလက်ဖောင်းကို ဆက်သွယ်ရေးအထောက်အကူပြုစနစ်အနေနဲ့ သုံးနေသူ ၇၀၀ ကျော်ပြီလို့လည်း သိရပါတယ်။
DeepSeek ကို နိုင်ငံတကာငလျင်ကယ်ဆယ်ရေးမှာ ပထမဆုံးသုံးတာလို့လည်း သတင်းထဲမှာ ပြောထားပါတယ်။
