3 ပတ် - ဘာသာပြန်ပါ။

ငလျင်ဘေးအတွက် Moblie Legends Bang Bang - MM မှ ကျပ်သိန်း ၁၀၈၀ လှူဒါန်း
မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူတွေအတွက် Mobile Legends Bang Bang - MM (MOONTON Games) က ခိုင်နှင်းဝေပရဟိတအသင်းကတစ်ဆင့် မြန်မာငွေ ၁၀၈,၀၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့တယ်လို့ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
Mobile Legends: Bang Bang -MM ရဲ့ စာမျက်နှာမှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် လွန်စွာဝမ်းနည်းကြောင်း ပြောထားပြီး ထိခိုက်ပြည်သူတွေကို ကူညီဖို့ ပရဟိတအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခုလှူဒါန်းမှုဟာ သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ညီအစ်ကိုမောင်နှမတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်သက်သာရာရစေမယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

image