3 ပတ် - ဘာသာပြန်ပါ။

ကြာဇံကြော် ♡

ကြာဇံကြော်ကြော်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပါ။
ပါဝင်ပစ္စည်း
******
ဆန်ကြာဇံ - တစ်ထုပ်
ကြက်သား - တစ်ပန်းကန်
ကြက်အူချောင်း - နှစ်ချောင်း
ကြက်ဥ - လေးလုံး
မုန်လာထုပ် - တစ်ခြမ်း
မုန်ညင်းစိမ်း သို့ မုန်ညင်းဖြူ - တစ်ပင်
မုန်လာဥနီ - တစ်တောင့်
ဘိုစားပဲ - လက်တစ်ဆုပ်
ပန်းပွင့်စိမ်း - အနည်းငယ် (ထည့်လိုက)
ကြက်သွန်ဖြူ - ၄မြောင်း
ပဲငံပြာရည်အကြည် - ရှစ်ဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - လေးဇွန်း
ပဲငံပြာရည်အနောက် - တစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
အချိုမှုန့်သကြား - နှစ်ဇွန်း (ဟင်းခပ်မှုန့်)
ငရုပ်ကောင်း - အနည်းငယ်
ဆီ - လိုသလောက်
(၁)ဆန်ကြာဇံကိုအနည်းဆုံး၂နာရီခန့်ရေဝအောင်စိမ်ထားပြီးဆယ်ယူရေစစ်ထားပါ။
(၂)သီးနှံများအားလုံးကိုရေဆေးပြီးလိုသလိုလှီးဖြတ်ထားပါ။
(၃)ကြော်မည့်ဒယ်အိုးကိုရေခြောက်အောင်ထားပြီးမှဆီထည့်ပါ။ဆီပူလာပါကကြက်ဥကိုမွေကြော်သို့အလုံးလိုက်ကြော်လိုပါကကြော်ပြီးပန်းကန်တခုတွင်ထည့်ထားပါကြက်အူချောင်းကိုလည်းအကွင်းလှီးကြော်ပြီးဘေးဖယ်ထားပါ။ကြက်သွန်ဖြူနှင့့်သားကိုလည်းသေးသေးစိတ်ပြီး ထည့်ကြော်ပါ။
(၄)ကြက်သားကျက်ပါကရေဆေးပြီးသားသီးနှံများကိုမီးပြင်းဖြင့်ထည့်ကြော်ပါ။
(၅)ဆန်ကြာဇံချကြော်ပါ။အရသာအားလုံးဖြည့်စွက်ပြီးကြာဇံနှင့့်သီးနှံများအားလုံးသမအောင်မွေပေးပါ။
(၆)သီးနှံမှထွက်လာသောအရည်နှင့်ကြာဇံကိုခြောက်အောင်ကြော်ပေးပါ။
(၇)ရေခမ်းမှသာလျှင်ကြာဇံမာသေးပါကရေအနည်းငယ်ထည့်ပြီးဆက်ကြော်ပေးပါ။
(၈)ကြာဇံနူးပါကဘေးဖယ်ထားသောကြက်ဥ၊ကြက်အူချောင်းတို့ကိုရောမွေပြီးအရသာအပေါ့အငံမြည်းကာနှစ်သက်ရာချီလီဆော့စ်၊ကြက်သွန်ချဉ်၊ဂေါ်ဖီချဉ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ မည်သူမဆိုShareကိုနှိပ်လျက်ခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ်Shareခြင်းမှအပမိမိPageများအတွက်အသုံးပြုရန်ကူးချခြင်းများပြုလုပ်လိုလျှင်ကြိုတင်ခွင့်တောင်းပါရန်အသိပေးအပ်ပါတယ်ရှင်။


#crd

image