3 ပတ် - ဘာသာပြန်ပါ။

ငလျင်ကြောင့် အုတ်တံတိုင်း ပိခဲ့တဲ့ သမီးငယ်လေးဆီသွားရောက်ကာ အားပေးစကား ပြောခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် ❤️
ငလျင်လှုပ်ခတ်ချိန် သူကိုယ်တိုင်လည်း မန်းလေးမှာရောက်ရှိနေတာကြောင့် ဆိုးဝါးလှတဲ့ ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရတာပါ။ စိုင်းစိုင်းခမ်းလှိုင်က ငလျင်ဒဏ်ခံခဲ့ရပြီးနောက် ဒုက္ခတွေကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ကာ မန္တလေးဆေးရုံကြီးနဲ့ ၊ အရိုးဆေးရုံသို့ သွားရောက်ပြီး ရေသန့်ဘူး ငွေကျပ် သိန်း ၂၀၀ ဖိုးဝယ်ယူလှူဒါန်းခဲ့ပါတယ်။ အဆိုပါဆေးရုံမှာတက်ရောက်နေတဲ့ သမီးငယ်လေးကိုလည်း အားပေးစကားသွားရောက်ပြောဆိုခဲ့ပါသေးတယ်။ အဆိုပါသမီးငယ်လေးဟာ ငလျင်ဒဏ်ကြောင့် အုတ်တွေပြိုကျပြီး ပိမိရာမှာ ခြေထောက်အရိုးတွေ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image