• တိုင်ပင်လို့ရတဲ့သူ •
ဘဝမှာအလိုအပ်ဆုံးထဲတစ်ခုက ကိုယ်ရဲ့စိတ်ခံစားချက်၊ ကိုယ့်ထင်မြင်ချက်ကို ယုံယုံကြည်ကြည်နဲ့ တိုင်ပင်လို့ရတဲ့သူပါပဲ...🗣
သူနဲ့စကားပြော၊ သူနဲ့အတူနေရရင်ကို ပျော်နေမိတယ်။ ကိုယ့်ဆီမှာရွေးချယ်စရာရှိရင်လည်း သူကသေချာလေးနားထောင်ပေးပြီး A ကိုလုပ်ရင်တော့ ဘာဖြစ်မယ်။ B ကိုလုပ်ရင်တော့ ဘာဖြစ်မယ်ဆိုပြီး ရှင်းပြရုံတင်မက ဘယ်တစ်ခုက ကိုယ့်နဲ့ပိုသင့်တော်လဲဆိုတာကိုလည်း အကြံပေးပါသေးတယ်...😇
သူ့ကြောင့် ကိုယ့်ရဲ့ဘဝလေးက တစ်စိတ်တစ်ပိုင်း တောက်ပရတယ်။ သူသာမရှိရင် ကိုယ့်ရဲ့ရွေးချယ်မှုတွေက မှားနိုင်ပါတယ်။ ကိုယ့်ခံစားချက်တိုင်းကလည်း မှန်ကန်နေတာမှ မဟုတ်ဘူးလေနော်...🕸
အချို့လူတွေဆို ကိုယ်ကတိုင်ပင်လိုက်ပါတယ် ဒါပေမယ့် ဖြစ်စလက်ခတ်တုန့်ပြန်တော့ ကိုယ်ခံစားနေတာက မှားနေသလို၊ ကိုယ်ကပဲ ကြောင်နေသလို ဖြစ်စေပါတယ်...။ တိုင်ပင်လို့ရတဲ့သူဆိုတာ တကယ်ကိုရှားပါတယ်...🦋
ဒီစာကိုဖတ်နေတုန်း ကိုယ်သတိရလိုက်တဲ့သူက ကိုယ်တိုင်ပင်လို့ရတဲ့သူပါပဲ...။ သူ့ကိုတန်ဖိုးထားဖို့ပြောချင်ပါတယ်နော် 😉
