3 ပတ် - ဘာသာပြန်ပါ။

ငါ ပြုခဲ့တဲ့ ကာယကံ ၊ ဝစီကံ နဲ့ မနောကံတို့ရဲ့ အမွေကို ငါ ဆက်ခံ ရရှိထားတာ ဖြစ်တယ် ၊ ငါပြုတဲ့ ကာယကံ ၊ ဝစီကံနဲ့ မနောကံတွေရဲ့ အကျိုးဆက်အတိုင်း ငါဟာ ရှေ့ဆက်သွားရလိမ့်မယ် ။
ငါတို့ သေဆုံးပြီးရင် ရှေ့ဆက်မှာက ငါတို့ရဲ့ အတွေးအကြံတွေ ၊ ပြောခဲ့တဲ့ စကားတွေနဲ့ ငါတို့ရဲ့ လုပ်ရပ်တွေသာ ဖြစ်တယ် ဆိုတာကို ပဉ္စမ သံဝေဂက သတိပေးတယ် ။ ပြုထားတဲ့ ကံတွေပဲပေါ့ ။
ရှူသွင်းတယ် ၊ ငါ ပြုခဲ့တဲ့ ကာယကံ ၊ ဝစီကံ ၊ မနောကံတွေကိုသာ ငါ ယူသွားလို့ရမယ် ။ ရှူထုတ်တယ် ၊ ကံတွေသာ ငါနဲ့အတူ ပါလာခဲ့တယ် ။ ကိုယ် တွေးခဲ့သမျှ အတွေးတွေအားလုံး ၊ ပြောခဲ့သမျှ စကားတွေ အားလုံး ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လုပ်ခဲ့သမျှ အလုပ်တွေအားလုံး ဒါတွေဟာ ကိုယ့်နောက်ကိုလိုက်ပြီး ကိုယ်နဲ့အတူ ရှေ့ဆက်သွားကြမယ့် ကိုယ့်ရဲ့ ကံတွေပဲ ဖြစ်တယ် ။ ကျန်တာအားလုံးကို ချန်ထားခဲ့ရမယ် ။ ကိုယ် တွေးခဲ့ ၊ ပြောခဲ့ ၊ လုပ်ခဲ့တာတွေကို ကံလို့ ခေါ်တယ် ။
ကံရဲ့ အဓိပ္ပာယ်က အလုပ်ကိုပြောတာ ။ လုပ်ပြီး ၊ ပြောပြီး ၊ တွေးပြီး သွားပေမဲ့ အကျိုးဆက်ဟာ ဆက်လက်တည်ရှိနေပြီး ကိုယ့်နောက်က လိုက်ပါနေတယ် ။ ကိုယ် ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ သူက ကိုယ်နဲ့ အတူ ရှိနေတယ် ။ ချစ်ခင်မြတ်နိုးသမျှ အားလုံးကို ထားခဲ့ရလိမ့်မယ် ၊
သို့သော် ကိုယ်လုပ်ခဲ့တဲ့ ကံတွေရဲ့ အသီးအပွင့်တွေကတော့ အမြဲ နောက်ကပါနေလိမ့်မယ် ။ သူတို့နဲ့ လွတ်အောင် ပြေးလို့မရဘူး ။ “ မရဘူး၊ မင်း ငါ့နောက် လိုက်ခွင့်မရှိဘူး ” ဆိုပြီး ငြင်းလို့မရဘူး ။ ကံဆိုတာ ကိုယ် ရပ်တည်ရာ အုတ်မြစ်ဖြစ်တယ် ။ သူ့အပေါ်မှာ ကိုယ် မှီခိုရပ်တည်နေရတာ ဖြစ်တယ် ။ တခြား ထောက်စရာ မြေမရှိဘူး ။ ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ ကိုယ် လုပ်ခဲ့သမျှ အလုပ်(ကံ)တွေရဲ့ အသီး အပွင့်တွေကို ကိုယ် ခံစားရမှာပဲ ။
#အကြောက်တရား

image