၆ ရက်အတွင်း ငလျင် ၅၇ ကြိမ် လှုပ်ခတ်ခဲ့
ရန်ကုန်၊ ဧပြီ ၂
မတ်လ ၂၈ ရက်ကနေ ဧပြီ ၂ ရက်နေ့အထိ မြေငလျင် ၅၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဧပြီလ ၂၈ ရက်နေ့ တစ်ရက်တည်းမှာ ရစ်(ခ်)တာစကေး ၇.၇ ပြင်းအားရှိတဲ့ လှုပ်ခတ်မှုအပါအဝင် မြေငလျင် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့ပါတယ်။
အဲ့ဒီနောက် မတ်လ၂၉ ရက်မှာ ၁၁ ကြိမ်၊ မတ်လ ၃၀ ရက်မှာ ၁၀ ကြိမ်၊ မတ်လ ၃၁ ရက်မှာ ၁၃ ကြိမ်၊ ဧပြီလ ၁ ရက်မှာ ၇ ကြိမ်နဲ့ ဧပြီလ ၂ ရက် မနက်ပိုင်းမှာတော့ နောက်ထပ် (၃) ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်အထိ စာရင်းကောက်ယူမှုတွေအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂,၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦး ရှိလာပါတယ်။
သတင်း - BETV Business
