Part.2
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟
(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်သော်လည်းလိမ်လည်လှည့်ဖြားမှုခံရခြင်း ဆုံးဖြတ်ချက်မှားခြင်းစသည်တို့နှင့်ပါတ်သက်၍သတိထားရန်လိုပါလိမ့်မယ်။ပညာရေးပိုင်းတွင်မိမိလျှောက်နေသောလမ်းနှင့်မိမိအတွက်သင့်တော်သောလမ်းကိုက်ညီမှုမရှိဖြစ်တတ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးစိတ်ခံစားချက်နှင့်အာရုံကြောပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးမှာသင့်တင့်သောကံရှိသော်လည်းမိမိ၏စိတ်လိုက်မာန်ပါပြောဆိုခြင်းတဇွတ်ထိုးဆန်ခြင်းတို့ကြောင့်မဖြစ်သင့်သောပြသနာများကြုံလာရတတ်ပါတယ်။
(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
စီးပွားရေးငွေကြေးကံပုံမှန်ဝင်နေနိုင်သော်လည်း အထွက်များများနေတတ်ပါတယ်။ကား၊ယာဉ်အစရှိသည်နှင့်ပက်သက်ပြီး စိတ်ဆင်းရဲရတတ်ပါတယ်။ပညာရေးတွင်ကံအသင့်အတင့်ရှိပြီး စိတ်အာရုံစူးစိုက်မှုကိုအသားပေးရန်လိုအပ်ပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်နဲ့ အရိုးအကြောဆိုင်ရာဂရုစိုက်ရပါမယ်။အချစ်ရေးမှာတော့ အပြိုင်အဆိုင်များပြီး စိတ်အဆက်အကျမြန်နေနိုင်တဲ့အတွက်ဘယ်အရာမဆိုစိတ်ကိုထိန်းပြီးဆုံးဖြတ်ချက်ချရပါမယ်။
(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်သော်လည်းမိမိ၏ဝင်ငွေထွက်ငွေကိုထိမ်းညှိရန်လိုအပ်ပါတယ်။ပညာရေးတွင်မိမိစိတ်ပါသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီးအရိုးအဆစ်နှင့်ဆိုင်ရာရောဂါများသတိပြုသင့်ပါတယ်။အချစ်ရေးတွင်အချင်းချင်းသူ့ဘက်ကိုယ့်ဘက်တွေးပေးတတ်ပါကအဆင်ပြေပါလိမ့်မယ်။
(၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီးမိမိလုပ်ငန်းနှင့်ဆိုင်သော သို့ ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။
#tarotqueen