3 w - Translate

ငလျင်ဒဏ်ကြောင့် ထိခိုက်မိပြီး အရိုးကျိုးသွားတဲ့ ထက်ထက်မိုးဦး 🥹
သရုပ်ဆောင် ထက်ထက်မိုးဦးဟာ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ချိန်မှာ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ ရတနာဆိုင်မှာ အလုပ်လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်ချိန် အားလုံးထွက်ပြေးကြ၊ ပစ္စည်းတွေပြုတ်ကျရင်းနဲ့ ဘာနဲ့ထိခိုက်မိသွားမှန်းမသိပေမယ့် ဆေးရုံရောက်လို့ X Ray ရိုက်ပြီးချိန်မှာ အရိုးကျိုးနေမှန်း သိလိုက်တယ်လို့ သူမကဆိုပါတယ်။ လောလောဆယ်မှာတော့ ကြောက်စိတ်နဲ့ဒဏ်ရာနဲ့ကြောင့် ဝမ်းနည်းနေပေမယ့် မကြာခင် ပြန်လည်ထူထောင်ရေးတွေမှာ ကူညီသွားမယ်လို့ ထက်ထက်မိုးဦးကပြောပါတယ်။

#crd
#celenews

image