တစ်ချိုအရာတွေက တခုပ်တရတောင်းဆိုစရာမလိုပဲ
ကိုယ့်အကြိုက်ကို အလိုက်တသိဖြည့်ဆည်းပေးတာမျိုးပေါ့ ❤️
သူပြောနေကျစကားတစ်ခုရှိတယ်
မတော်တဆ ဝေးသွားခဲ့ကြရင်တောင် လက်ဗလာနဲ့ကျန်ခဲ့မယ့်သူဟာ သူပါတဲ့ ။
အတူရှိတဲ့အချိန်မှာ အပြည့်စုံဆုံးထားပေးချင်တာ သူ့ဆန္ဒဖြစ်ပြီး
လက်ဗလာနဲ့ ဘယ်တော့မှ ကျန်ခဲ့မှာမဟုတ်ဖူးဆိုတာ သူ့ကိုယ့်အပေါ်ထားတဲ့ယုံကြည်မှုပါ ။
ယုံကြည်စွာအပ်နှံခံရတာကတော့ ငယ်တန်ဖိုးဖြစ်ပါတယ်တဲ့ ။
ငယ်ရေတဲ့ အတူယှဉ်တွဲရုန်းကန်နေရတာချင်းအတူတူမှာတောင်
ငယ်က အလေအလွင့်မရှိဖို စီမံနေရတဲ့သူမလို ပိုသာမယ်ဆိုရင်တောင် ငယ့်ကိုသာ ပိုဆင်ပေးချင်ပါတယ်တဲ့ ။
အချစ်မှာ ၂ ယောက်ဘဝအတွက်လို ထပ်ပေါင်းတွေးလိုက်ရင် ဝေးကွာဖိုအကြောင်းထပ် နီးစပ်ဖိုကိုပဲ အမြဲတွေးဖြစ်ကြတော့တာပါပဲ ။
ချစ်ဖိုလည်းလိုအပ်သလို
ဘဝအတွက်ဆိုတာကလည်း မေ့ထားလိုမရပါဘူး ❤️💑
