ငလျင်ဘေးသင့် ဒေသများကို လှူဒါန်းမှူများ ပြုလုပ်သွားမည်လို့ Apple CEO ပြော
ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ပြည်သူများအတွက် Apple ကုမ္ပဏီမှ စိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် Apple ကုမ္ပဏီသည် မြေပြင်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အကူအညီပေးနိုင်ရန်အတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Apple ကုမ္ပဏီမှ ထုတ်ပြန်သော ကြေညာချက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအား အားပေးစကားဆိုထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အကူအညီပေးနိုင်ရန်အတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
