3 ပတ် - ဘာသာပြန်ပါ။

မန္တလေးတွင် ယနေ့ နံနက် ၂ နာရီ ၄၆ မိနစ်အချိန် ငလျင် ထပ်မံ လှုပ်ခတ်ပြန်
ရန်ကုန်၊ မတ် ၃၁
မန္တလေးတွင် ယနေ့ နံနက် ၂ နာရီ ၄၆ မိနစ်အချိန် ငလျင် ထပ်မံ လှုပ်ခတ်ပြန်ကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ကျနော်တို့ မအိပ်ဘူး။ လမ်းမပေါ်မှာပဲ ဟိုတွေး၊ ဒီတွေးလုပ်နေတုန်း ၂ နာရီ ၄၆ မိနစ်မှာ ခပ်ပြင်းပြင်း တစ်ချက် လှုပ်သွားတယ်။ ဒီငလျင်ကရော ဘယ်တော့မှ ပြီးမလဲမသိဘူး" ဟု မန္တလေးမြို့၊ ကားကြီးဝင်းအနီးတွင် နေထိုင်သော ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးမြို့ခံ အများစုကလည်း ယနေ့ နံနက် ၂ နာရီ ၄၆ မိနစ်အချိန် ငလျင်လှုပ်ခတ်မှုကို သိသာစွာ ခံစားလိုက်ရကြောင်း လူမှုကွန်ရက်များတွင် ဖော်ပြထားကြသည်။
ယမန်နေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ဘူမိ ဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ (USGS-United States Geological Survey) က သတင်းထုတ်ပြန်ခဲ့သည်။

image