Snapdragon 8 Elite သုံး တန်ဖိုးသင့် Poco F7 Ultra ဖုန်း
Poco brand ရဲ့ ပထမဆုံး Ultra ဖုန်းက ပေးရတဲ့ဈေးနဲ့ တန်နေတုန်းပါပဲ။
Xiaomi ရဲ့ sub-brand ဖြစ်တဲ့ Poco F7 စီးရီးမှာ ပါလာတဲ့ Ultra မော်ဒယ်က တကယ်တော့ ပြီးခဲ့တဲ့နှစ်ကုန်က ထွက်ခဲ့တဲ့ Redmi K80 Pro ကို Rebranded လုပ်ထားတာလို့ ပြောနိုင်ပါတယ်။ Poco F7 Ultra က K80 Pro ရဲ့ global ဗားရှင်းဖြစ်ပြီး K80 Pro အတိုင်း Snapdragong 8 Elite နဲ့ လာတာပါ။
Snapdragon 8 Elite က 8 Gen 3 ထက် CPU ၄၅% နဲ့ GPU ၄၀% ပိုမြန်ပါတယ်။ Foco က ဒီ flagship SoC အပြင် VisionBoost D7 ဆိုပြီး graphic chip ပါ ထပ်သုံးထားတာပါ။ ဒီ chip က Game HDR နဲ့ ရုပ်ထွက်မြှင့်ပေးတာတွေ လုပ်နိုင်ပါတယ်။ Genshin Impact ကို 2K/120fps rate နဲ့ တစ်နာရီလောက် ကစားတာတောင် performance တစ်ချက်မကျဘူးလို့ ပြောပါတယ်။
gaming ပိုင်းမှာ performance ကောင်းကောင်းထွက်ဖို့ ဒီဖုန်းမှာ 5,400mm² ရှိတဲ့ အကြီးစား heat pipe ပါ LiquidCool Technology 4.0 လည်း သုံးထားပါတယ်။ ဒီအပူထိန်းနည်းပညာက chipset ရဲ့ အပူကို ၃ ဒီဂရီ စင်တီဂရိတ် လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။
Poco F7 Ultra က performance beast ဖြစ်ဖို့ custom သုံးထားတာတွေ မနည်းပါဘူး။ ဘက်ထရီ နဲ့ charging ပိုင်းမှာကို chipset နှစ်မျိုး သုံးထားပါတယ်။ 5300mAh ဘက်ထရီကို သက်တမ်းပိုကောင်းပြီး ဘေးကင်းစေမယ့် Surge G1 နဲ့ charging ပိုင်းအတွက် Surge P3 ပါ။
chips နှစ်မျိုးလုံးက ဘက်ထရီသက်တမ်းကို တာရှည်ခံစေပြီး charge cycle ၁၆၀၀ ပြည့်တဲ့နောက်တောင် ဘက်ထရီ capacity အနည်းဆုံး ၈၀% ရှိစေမယ်လို့ ဆိုပါတယ်။ Poco F7 Ultra မှာက ၃၄ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 120W HyperCharge နည်းပညာနဲ့ 50W Wireless HyperCharge ဆိုပြီး သုံးထားလို့ ကြိုးနဲ့ရော ကြိုးမသုံးဘဲ အားသွင်းချိန်မှာပါ အားသွင်းမြန်နေမှာပါ။
ကင်မရာပိုင်းမှာ ဒီဖုန်းဟာ Poco ရဲ့ powerful အဖြစ်ဆုံး ကင်မရာတွေနဲ့ လာတာပါ။ ကျောဘက် စက်ဝိုင်းပုံကင်မရာထဲမှာ OIS နဲ့ f/1.6 lens ပါ 50MP Light Fusion 800 sensor ၊ OIS ပါ 50MP 2.5x telephoto camera နဲ့ 32MP Ultrawide ကင်မရာ ထည့်သုံးထားပါတယ်။ ရှေ့ selfie က 32MP နဲ့ လာပါတယ်။
၆.၆၇ လက်မ OLED display သုံးထားပြီး 1440p ရုပ်ထွက် ၊ 120Hz Refresh rate ၊ 3840Hz PWM dimming ပါတဲ့ ဒီဖုန်းက Poco Shield Glass မှန်နဲ့ ကာကွယ်ပေးထားပါတယ်။ IP68 rating ရေစိုခံမှု ပါသလို လက်ဗွေကိုလည်း ultrasonic နည်းပညာသုံးထားပြီး NFC , IR blaster , dual-frequency GPS နဲ့ စတီရီယို စပီကာတွေလည်း ထည့်ထားပါတယ်။
Android 15 အခြေခံ HyperOS 2 သုံး ဒီဖုန်းအတွက် Poco က OS update ၄ နှစ်နဲ့ Security Patch ၆ နှစ် အာမခံထားပါတယ်။ ဈေးကွက်ထဲမှာ Poco F7 Ultra ကို အနက်နဲ့ အဝါ နှစ်ရောင်နဲ့ ထွက်ပြီး LPDDR5x RAM နဲ့ UFS 4.1 storage သုံး 12/256 နဲ့ 16/512GB ဗားရှင်းနှစ်မျိုးနဲ့ လာပါတယ်။ ဈေးနှုန်း ၆၄၉ ဒေါ်လာနဲ့ ၆၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာပါ။
