Xiaomi ဖုန်းအသစ်တွေမှာ Spotify Premium ကို ၄ လအခမဲ့သုံးနိုင်မယ်
Xiaomi 15 နဲ့ 15 Ultra မော်ဒယ်အသစ်ဝယ်ယူသူတွေဟာ Spotify Premium ကို ၄ လကြာ အခမဲ့သုံးနိုင်မှာဖြစ်ပါတယ်။ ဒီမော်ဒယ်တွေပဲတော့ မဟုတ်ပါဘူး။ Xiaomi Mix Flip, Xiaomi 14T , 14T Pro, Xiaomi 14 , 14 Ultra, Xiaomi 13T နဲ့ 13T Pro တို့ ဝယ််ယူတဲ့အခါမှာည်း Spotify Premium ကို ၄ လကြာ အခမဲ့သုံးနိုင်မှာပါ။
Xiaomi က 2024 စက်တင်ဘာလတည်းက Spotify နဲ့ ပူးပေါင်းပြီး အခမဲ့နားဆင်နိုင်တဲ့ ဝန်ဆောင်မှုတွေကို ဖုန်းမော်ဒယ်အသစ်ထုတ်တိုင်း ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း Xiaomi 15 User တွေကို Spotify Premium ကို ၄ လအခမဲ့သုံးနိုင်ကြောင်း ကြေညာလာပါတယ်။ နောက်ပြီး Redmi Note 12 Series, Note 13 Series, Note 14 Series တို့ဝယ်ရင် Spotify Premium ကို ၃ လကြာ အခမဲ့သုံးနိုင်မှာဖြစ်ပြီး Redmi 13C, Redi 13, Redi A3, A3x တို့ဝယ်ယူရင်တော့ Spotify Premium ကို ၂ လကြာ အခမဲ့သုံးနိုင်မှာဖြစ်ပါတယ်။
အခမဲ့သုံးနိုင်ငံတွေကို ကန့်သတ်ထားပေမဲ့ နိုင်ငံပေါင်း ၄၀ ကျော်လောက်အထိတော့ ရနိုင်ပါတယ်။ အတိအကျသိချင်ရင်တော့ Xiaomi Official website မှာ ရှာကြည့်နိုင်ပါတယ်။
