3 w - Translate

#မြေငလျင်သတင်း
◼အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သော်လည်း ပုဂံဘုရားများထိခိုက်မှုမရှိဟုဆို
ယနေ့ (မတ် ၂၈ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က အင်အား ရစ်(ခ်)စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ပုဂံဘုရားများ ထိခိုက်မှုမရှိကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
"ပုဂံကဘုရားတွေ ဘာမှမဖြစ်ဘူး" ဟု ရှေးဟောင်းသုတေသနဦးစီးဌာန နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၊၅၁ မိနစ်က မန္တလေး မြေငလျင်စခန်းမှ အရှေ့ မြောက် ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် သုံးခုခန့် လှုပ်ရှားခဲ့ကြောင်း နစက က ထုတ်ပြန်ထားသည်။
အဆိုပါ ငလျင်ဒဏ်‌ကြောင့် စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ရှမ်းပြည်နယ် (အရှေ့မြောက်ဒေသ) နေပြည်တော် တို့တွင် စေတီပုထိုးများ၊သာသနိက အဆောက်အဦများ၊ အထပ်မြင့် အဆောက်အဦများ၊နေအိမ် ၊ လမ်း နှင့် တံတားအချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် လူ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။
သတင်း-နေသစ်ဦး
ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ်

image