3 w - Translate

ဗီယက်နမ်မှာ Starlink အင်တာနက် ရပြီ
အီလွန်မတ်စ်ရဲ့ Starlink အင်တာနက်တော့ ဗီယက်နမ်မှာ ရောက်နေပြီ ဖြစ်ပါတယ်။
ဗီယက်နမ်အစိုးရက Starlink ကို ၂၀၃၀ အထိ ၅ နှစ်တာ trial စခွင့်ပေးလိုက်တာပါ။ ဒီ ၅ နှစ်အတွင်း Stalink က subscriber ၆ သိန်းကျော် လက်ခံလို့ ရပါမယ်။ trial ပေးနေချိန်မှာ နိုင်ငံ့လုံခြုံရေး မထိပါးစေဖို့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ အများပြည်သူလုံခြုံရေးဌာနနဲ့ သိပ္ပံဝန်ကြီးဌာနတွေက Starlink ရဲ့ လုပ်ငန်းတွေကို ကြီးကြပ်စိစစ်နေမှာပါ။
အစိုးရအနေနဲ့ Starlink ရဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှု foreign ownership ပေါ် ဘာကန့်သတ်ချက်မှ မထားဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ customers တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနိုင်သလို တခြားစီးပွားရေးလုပ်ငန်းတွေနဲ့လည်း မိတ်ဖက်ရှာနိုင်တယ်လို့ ပြောပါတယ်။
Starlink ဂြိုလ်တုအင်တာနက်ကို ဗီယက်နမ်လေကြောင်းလိုင်းတွေနဲ့ ပင်လယ်ပြင်မှာပါ သုံးနိုင်တော့မှာပါ။ Starlink စက်ပစ္စည်းတွေ ပို့ဆောင်ဖြန့်ဖြူးဖို့ ဗီယက်နမ်ကုမ္ပဏီတွေ အလုပ်ရလာမယ်လို့ တွက်ထားကြပါတယ်။ Starlink ကုမ္ပဏီ SpaceX ကလည်း ဗီယက်နမ်မှာ ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားတာ ရှိပါတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာတော့ SpaceX ပိုင် Starlink ဝန်ဆောင်မှုကို ဖိလစ်ပိုင် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်ကာပူ နဲ့ တီမောလက်စတီတို့မှာ ဖြန့်ကြက်ထားပြီ ဖြစ်ပါတယ်။

image