ငလျင်ဒဏ်ကြောင့် အုပ်စု(၆)ခုဖြင့် တစ်နေ့လျင် ၄ နာရီနှုန်းခန့်သာ လျှပ်စစ်ဓာတ်အားရရှိမည်
ယမန်နေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ကအသိ ပေးခဲ့သည်။
ထို့ကြောင့် ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်းမရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းအ တွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် YESC မှ ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိသည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်နေချိန်၌ ယနေ့ မတ် ၂၉ ရက်နံနက် ၅ နာရီမှစ၍ ၂၄ နာရီအတွင်း အုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု YESC က အသိပေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန် လည်ချိတ်ဆက်ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဟုလည်း YESC ကအသိပေးခဲ့သည်။
