နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ
🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟🎟
အဆင့် (၁)
ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန်ဖိထားပါ။ ခါးမပါသွားပါစေနဲ့ ။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၂)
ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ။ ခါးကုန်းမသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၃)
ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ညာဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၄)
ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ဘယ်ဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၅)
ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က မေးစေ့ကို ဘယ်ဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။
ဘယ်ဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၆)
ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က မေးစေ့ကို ညာဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။
ညာဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
ဒီနည်းအတိုင်း အကြိမ်ရေ အကန့်အသတ်မရှိ နားနားပြီး လုပ်ပေးပါ။ များများလုပ်ပေးနိုင်လေ မြန်မြန်ပျောက်ကင်းလေပါ။

image