လူတိုင်းကြိုက်ကြတဲ့မုန့်ကြာစိချိုချိူလေးကိုအိမ်မှာအလွယ်တကူလုပ်စားကြည့်ပါနော်💥
ပါဝင်ပစ္စည်းများ
_____________
ကောက်ညှင်းမှုန့် - ၁၂၀ဂရမ်
ဆန်မှုန့် - ၈၀ဂရမ်
ထန်းလျက် - ၂၀သား
သကြား - ထမင်းစားဇွန်း ၂ဇွန်း
ဆား - အနည်းငယ်
အုန်းသီးဖတ် - အနည်းငယ် (ခြစ်ပြီးသား)
ပြုလုပ်နည်း
——————
၁။ ဂျုံလုံးဖို့အတွက် ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ သကြားနှင့်ဆားတို့ကို ရေအနည်းငယ်စီထည့်ပြီးလုံး၍ဖိနယ်ပေးပါ။
၂။ ပြီးလျှင်ကြာစိအရွယ်အစား အလုံးသေးသေးလေးတွေလုံးထားပေးပါ။
၃။ အိုးထဲသို့ရေထည့်၍ရေဆူအိုးတည်ပြီးလုံးထားသောမုန့်ကြာစိများ နူးနပ်သွားအောင်ထည့်ပြုတ်ပေးပါ။
၄။ ပွက်ပွက်ဆူလာပါကမုန့်ကြာစိများအားအိုးထဲမှဆယ်၍မကပ်အောင်ရေစိမ်ထားပေးပါ။
၅။ အိုးထဲသို့ထန်းလျက်နှင့်ရေထည့်ပြီးကျိုပေးပါ။ ရရှိလာသောထန်းလျက်ရည်အားဇကာဖြင့်သေချာစစ်၍သန့်စင်ပါ။
၆။ သန့်စင်ထားပြီးသောထန်းလျက်ရည်ကိုအိုးထဲသို့ထည့်ပြီးပြန်ကျိုပေးပါ။ ထန်းလျက်ရည်ဆူပွက်လာပါကမုန့်ကြာစိများထည့်ပေးပြီး ပွက်လာပါကသုံးဆောင်နိုင်ပါပြီခင်ဗျာ။
(အုန်းသီးဖတ်လေးများအပေါ်မှဖြူး၍သုံးဆောင်နိုင်ပြီး အေးအေးလေးစားချင်သူများအနေနဲ့လည်းရေခဲတုံးထည့်၍လည်းသုံးဆောင်နိုင်ပါတယ်ခင်ဗျာ)