စျေးအတန်ဆုံး IP69 ပါတဲ့ realme C75 Series ဖုန်းစျေးနှုန်းတွေနဲ့အတူ သင်္ကြန်အထူးလက်ဆောင်အဖြစ် ၃ သိန်းကျပ်တန်ဖိုးရှိ Gift Package ကိုပါ သတ်မှတ်ရက်အတွင်း ခံစားရယူနိုင်မည်
.
ရေစိုရေစိမ်ခံတဲ့ အလန်းဆုံးဖုန်းတွေအဖြစ် မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ realme C75 Series ဖုန်းတွေရဲ့တရားဝင်စျေးနှုန်းကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ၁၀ သိန်းမကျော်တဲ့စျေးနဲ့ စျေးအတန်ဆုံး IP69 ပါတဲ့ဖုန်းတွေအဖြစ် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
realme C75 Series မှာ realme C75 နဲ့ realme C75x ဆိုပြီး မော်ဒယ် ၂မျိုးရှိမှာဖြစ်ကာ RAM 24GB (8+16) + ROM 256GB အမျိုးအစားဖြစ်တဲ့ realme C75 အတွက် ၈၉၉,၉၀၀ ကျပ်နဲ့ RAM 24GB (8+16) + ROM 128GB အမျိုးအစားဖြစ်တဲ့ realme C75x အတွက် ၇၄၉,၉၀၀ ကျပ်တို့နဲ့ Pre-order ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ realme C75 မှာ ရွှေရောင်နဲ့အနက်ရောင်၊ realme C75x မှာ ပန်းနုရောင်နဲ့ နက်ပြာရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
၃သိန်းကျပ်တန်ဖိုးရှိ သင်္ကြန်အထူးလက်ဆောင်တွေထဲမှာ 10000 mAh Power Bank၊ ၆လ မှန်ကွဲအာမခံ (မတော်တဆမှန်ကွဲခြင်း)၊ realme after-sale ဝန်ဆောင်မှု VIP Member Card နဲ့ MPT Data Package တို့ကို ခံစားခွင့်ရရှိမှာဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့အထိ သတ်မှတ်ကာလအတွင်းရယူနိုင်မှာဖြစ်လို့ အမြန်ဆုံးဝယ်ယူထားဖို့ တိုက်တွန်းလိုက်ရပါတယ်။
realme C75 Series ထုတ်ကုန်တွေမှာ ရေစို၊ ရေစိမ်ဒဏ်တွေခံနိုင်သလို အကြမ်းခံမှုအပိုင်းမှာလည်းသတ်မှတ်စံချိန်စံနှုန်းတွေကို အသိအမှတ်ပြုရရှိထားပြီဖြစ်ပါတယ်။ မြန်မာပြည်စျေးကွက်အတွက်ကိုက်ညီစေမယ့်အပြင် သုံးစွဲသူတွေအဓိကလိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ ဘက်ထရီအားကြာရှည်ခံမှုနဲ့ အားအမြန်သွင်းစနစ်အပိုင်းတွေမှာလည်း ပိုကောင်းအောင်ထည့်သွင်းပေးထားပါတယ်။ realme C75 မှာဆိုရင် 6000mAh ဘက်ထရီနဲ့ realme C75x မှာဆိုရင် 5600mAh တို့ကိုထည့်သွင်းပေးထားပြီး အားသွင်းမြန်စေမယ့် 45W Fast Charge စနစ်ကို ၂မျိုးစလုံးအတွက်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။
realme C75 မှာ 6.72-inch FullHD+ 90Hz Display၊ Helio G92 Max Chipset၊ 50MP Main Camera၊ 8MP Selfie Camera တို့ပါဝင်မှာြဖစ်ပြီး realme C75x မှာဆိုရင် 6.67-inch HD+ 120Hz Display၊ Helio G81 Ultra Chipset၊ 50MP Main Camera၊ 5MP Selfie Camera တို့ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။


