4 w - Translate

Wagon တွေဆိုတာ performance စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ practicality ဖြစ်မှုတို့ကို အချိုးကျပေါင်းစပ်ပေးထားတဲ့ ကားတွေပါ။ SUV တစ်စီးစာနီးနီး space ကျယ်ကျယ်ဝန်းဝန်းရမယ်၊ ဟော handling ကျပြန်တော့လည်း SUV တွေလို wobbly ဖြစ်နေမှာမျိုးမဟုတ်ဘဲ Sedan တစ်စီးကို မောင်းနေရတဲ့အလား balanced ဖြစ်ဖြစ်နဲ့ responsive ကောင်းတဲ့ဘက် သွားသဗျ။
သို့ပေမယ့်လို့ လက်တွေ့ကျကျပြောရရင် Station Wagon တွေရဲ့စျေးက မသေးလှပါဘူး။ အနီးစပ်ဆုံး G91 M5 Touring ကိုပဲ ကြည့်ပါ။ MSRP ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော် အနေအထားတစ်ခုမှာ Range Rover (ဒါမှမဟုတ်) GLS580 လိုကောင်မျိုးတောင် တက်ရွေးလို့ရနေပြန်ရော။ Anyway, ဒီ segment ထဲ စျေးချိုချိုနဲ့ ကျွန်တော်တို့ လက်လှမ်းမှီနိုင်တာက Volvo V90 ပါ။ ဒေါ်လာခြောက်သောင်းဝန်းကျင်သာရှိတာမို့ Wagon တွေထဲမှာတော့ စျေးအချိုဆုံးပဲလို့တောင် ပြောရပါမယ်။
ဆိုတော့ မနေ့ကပဲ Audi ဘက်ကနေ mid-size luxury wagon တစ်စီးဖြစ်တဲ့ A6 Avant ရဲ့ generation အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ sharp ဖြစ်တဲ့ vibe မျိုးရသလို၊ အတွင်းခန်း cabin ကတော့ အခုနောက်ထွက် Audi မော်ဒယ်တွေအတိုင်း high-tech တွေ အပြည့်နဲ့ပါ။ Driver ရဲ့အရှေ့တည့်တည့်မှာက (၁၁.၉) လက်မရှိတဲ့ Digital Gauge Cluster, အလယ်မှာက (၁၄.၅) လက်မရှိတဲ့ touchscreen, ဘေးက passenger ရှေ့မှာလည်း (၁၀.၉) လက်မရှိတဲ့ screen နောက်တစ်ခု ထပ်ပါအုံးမယ်။ အူးလာလား . . . အိမ်က ကျွန်တော့် Desk Setup ထက်တောင် screens တွေများသေး။ Lol
Powertrains အနေနဲ့ကတော့ ရွေးချယ်စရာ option (၃) ခုရှိပါမယ်။ 201 Hp ထွက် turborcharged 2.0L inline-4 ကို ဓာတ်ဆီနဲ့ ဒီဇယ်ဆိုပြီး (၂) မျိုးရွေးလို့ရမယ်။ ဒါကိုအားမရဘူးဆိုရင်တော့ turbocharged 3.0L V6 mild-hybrid ကို ရွေးရပါလိမ့်မယ်။ ဒီကောင့်မှာတော့ စုစုပေါင်း Total Output 362 Hp နဲ့ 406 lb-ft of Torque ထွက်ပါလိမ့်မယ်။
Europe ဘက်မှာတော့ A6 Avant ကို အော်ဒါတွေစလက်ခံနေပြီလို့ သိရပြီး Base မော်ဒယ်ရဲ့ MSRP ကတော့ €58,000 ကနေ စပါတယ်။ ဒေါ်လာနဲ့ တွက်ရင်တော့ $61,000 ပတ်ချာလည်လောက်ဆိုတော့ V90 နဲ့ မတိမ်းမယိမ်းပါပဲ။
ဒါနဲ့ A6 Sedan, A6 Allroad နဲ့ high-performance RS6 တို့ပါ ထပ်လာဖို့ရှိပါအုံးမယ်။ အားလုံးပဲ သာယာသောညချမ်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။

image