4 ပတ် - ဘာသာပြန်ပါ။

#breakingnews
◼ ယနေ့မွန်းလွဲပိုင်းက အင်းအားပြင်း ငလျင်တစ်ခု လှုပ်ခတ် ပျက်စီးဆုံးရှုံးမှုများရှိ
ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရှိ မြို့တော်တော်များများတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ (မတ် ၂၈ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က အင်းအား ၇ ဒသမ ဝန်းကျင်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ငလျင်သတင်းများစင်တာက ထုတ်ပြန်ထားသော်လည်း အခြားသတင်းများတွင် အင်အား ၄ ဒသမ ကျော်သာရှိကြောင်း ဖော်ပြထားသည်။
“တော်တော်ကြမ်းတယ်။ တိုက်ကိုခါနေတာပဲ။ ပြိုကျတော့မလားတောင်အောက်မေ့ရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
ယခုလှုပ်ခတ်ခဲ့သည့် ငလျင်‌ကြောင့်စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း ကို ဆက်သွယ်ထားသည့် စစ်ကိုင်းတံတားဟောင်းကျိုးသွားပြီး မန္တလေးမြို့အပါအဝင်တခြားသောမြို့များတွင်လည်းပြိုကျပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ

image
image
image