" ပိုကောင်းတဲ့ ဘဝတွေဆီ အတူတူ သွားရအောင်နော် " တဲ့။
ချစ်တာထက် ပိုတဲ့ စကားမျိုးပဲ ထင်တယ် ။
သာမန်အခြေနေလေးမှာ တွေ့ခဲ့ကြပေမဲ့.. အစစ
အရာရာ သာလွန်တဲ့ နေ့တွေထိ အတူရှိကြမယ် ။
ခက်ခဲလွန်းနေတဲ့ အချိန်တွေကို အတူရင်ဆိုင်ပြီး သက်တောင့်သက်သာ ဖြစ်တဲ့နေ့တွေမှာလည်း
အတူရှိနေမယ် ။
အမှောင်ကို အတူတူဖြတ်ပြီး အလင်းမှာလည်း အတူရှိကြပါမယ် ဆိုတဲ့ ကတိမျိုးပေါ့ .. ။
ခက်ခဲချိန်မှာ မထားခဲ့ဘူး ၊ အဆင်ပြေချိန်မှာလည်း ပြောင်းလဲမသွားဘူး ။
ဘဝကောင်းတစ်ခုကို ပိုင်ရတဲ့နေ့မှာ အချစ်လည်း သေချာပေါက် ကိုယ့်အနားရှိနေရမယ် ။
ဘဝအတွက် ကြိုးစားရင်းက ချစ်တယ် ..
ကြိုးစားနေရတဲ့ အကြောင်းပြချက်ဟာ အတူတူရှိသွားနိုင်ဖို့ပဲ ဖြစ်တယ် ။
သက်တောင့်သက်သာရှိတဲ့ နေ့တွေမှာ အချစ်တစ်ယောက်တည်းကို အေးဆေး ငေးမယ် ။
စိတ်ပင်ပန်းမှုတွေ မရှိတော့တဲ့ နေရာလေးမှာ
အချစ်နဲ့အတူနေမယ် ။
အချစ်ကိုလည်း ဘဝကောင်းတစ်ခုမှာပဲ လှလှလေးထားချင်တယ် ။
ဒါကြောင့် ကြိုးစားပေးပါမယ် ။
တစ်ဖက်ကလည်း ဘဝအတွက် ကြိုးစားရင်းကပဲ
ရင့်ကျက်စွာ ချစ်ပေးပါ
ခက်ခဲတဲ့ နေ့တွေမှာ လက်တွဲမဖြုတ်ပဲ .
" ပိုကောင်းတဲ့ ဘဝတွေဆီ အတူတူ သွားကြရအောင်ပါ "

image