4 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အေအိုင်နည်းပညာသုံးမောင်းသူမဲ့လေယာဉ်မြောက်ကိုရီးယားစမ်းသပ်
လူ့ဉာဏ်ရည်တု နည်းပညာ (အေအိုင်)သုံး အသေခံမောင်းသူမဲ့ လေယာဉ်များစမ်းသပ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်ဦးဆောင်ခဲ့ကြောင်း မတ် ၂၇ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ယင်းအပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အဆင့်မြှင့်တင်မွမ်းမံထားသော ကင်းထောက်မောင်းသူမဲ့ လေယာဉ်သစ်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် အေအိုင်နည်းပညာသုံး အသေခံ မောင်းသူမဲ့လေယာဉ်များ စမ်းသပ်မှုကို မတ် ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။
ခေတ်မီစစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်ရာတွင် အေအိုင် နည်းပညာစွမ်းဆောင်ရည် ထည့်သွင်းနိုင်ရေးမှာဦးစားပေးဆောင်ရွက်ရမည့် အချက်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက လက်နက်ကိုင်တပ်ဖွဲ့များကို မှာကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မတ် ၂၆ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးလေကြောင်းအန္တရာယ် ကြိုတင်သတိပေးရေးစနစ် လေယာဉ်ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လေ့လာသူများ၏အဆိုအရ အဆိုပါလေကြောင်းအန္တရာယ်ကြို တင်သတိပေးစနစ် လေယာဉ်သည်ရုရှားနိုင်ငံ၏ အီလူးရှင်း-၇၆ အမျိုးအစားကုန်တင်လေယာဉ်ကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ကြောင်းသိရသည်။
ရိုက်တာ

image