မန္တလေးရောက်ခိုက် သဲဖြူဆရာတော်ဘုရားကြီးကို ဖူးမြော်ခွင့်ရခဲ့တဲ့ ရွှေမှုန်ရတီနဲ့ နန်းမြတ်ဖြိုးသင်း 🙏🙏🙏
သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ နန်းမြတ်ဖြိုးသင်းတို့က Mingalar Mandalay Hotel ကိုကြွလာတဲ့ သဲဖြူဆရာတော်ဘုရားကြီးကို ဖူးမြော်ခွင့်ရခဲ့ကြပါတယ်။ မန္တလေးကိုရောက်ခိုက် ဟိုတယ်မှာပဲ တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ကြပြီး သဲဖြူဆရာတော်ကိုလည်း အတူတူဖူးမြော်ခဲ့ရတာပါ။ နန်းမြတ်ဖြိုးသင်းက နောက်လမှာကျင်းပမယ့် ဆရာတော်ကြီးရဲ့ ရှင်အပါး ၅၀၀၀ အလှူပြုပွဲမှာပဲ ငွေကျပ် ၃ သိန်းလှူဒါန်းခွင့်ရခဲ့ပါသေးတယ်။
