စမ်းချောင်း မဟာမြိုင်ကားမှတ်တိုင်အနီးတွင် အိမ်စီးကား အရှိန်လွန် တိမ်းမှောက်ရာမှ ယာဉ်မောင်း အမျိုးသား အသ-က်ဆုံးရှုံး
ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ မဟာမြိုင်မှတ်တိုင်အနီးတွင် အိမ်စီးကား အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ကြောင်း စမ်းချောင်း အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
ယမန်နေ့ မတ်လ (၂၇)ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀)အချိန်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ပြည်လမ်းမပေါ် မဟာမြိုင်ကားမှတ်တိုင်အနီးရှိ ခရစ်ယာန်ဘုရားကျောင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားနေကြောင်း P2 P ဆက်သွယ်ရေးကွန်ရက်မှ သတင်းအရ စမ်းချောင်းအရန်မီးသတ်မှ အရေးပေါ်လူနာတင်ယာဉ် (၂) စီးနှင့်အတူ နယ် မြေခံ လူမှုကူညီရေးအသင်းများ ကယ်ဆယ်ရေးထွက်ခွာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့သည့် ယာဉ်မောင်း အမျိုးသား (၁) ဦးအား စမ်းချောင်းအရန်မီးသတ်မှ လူနာတင်ယာဉ်၊ ထိ ခိုက်ဒဏ်ရာရ အနီရောင်အဆင့် အမျိုးသမီး (၁)ဦးနှင့် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရသည့် ကလေးငယ် (၂) ဦးအား အကြ င်နာကုသိုလ်ပြုရုံးခွဲ စမ်းချောင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကု န်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်၊။
ဖြစ်စဉ်သို့ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ 191 အသက်ကယ်ယာဉ်(၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားမိတ်ဖ က်ပရဟိတအသင်းများရောက်ရှိကူညီခဲ့ပြီး ကားအားထော င်မတ်ခြင်းနှင့် အခြားကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
