Mission: Impossibe — Final Reckoning ရဲ့ ထုတ်လုပ်ရေးဘတ်ဂျက် ဘယ်လောက်လဲ
မတ် ၂၇၊ ၂၀၂၅။
သရုပ်ဆောင် Tom Cruise ရဲ့ နောက်ဆုံး Mission Impossibe ရုပ်ရှင်ဖြစ်တဲ့ Mission: Impossibe — Final Reckoning ဟာ မေ ၂၃၊ ၂၀၂၅ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ကနဦးသုံးသပ်ချက်တွေနဲ့ သတင်းတွေအရ Mission: Impossibe — Final Reckoning ဟာ အနည်းဆုံး ကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၄၀၀ အတွင်း ကုန်ကျကြောင်း သိထားပေမယ့် ယခုအခါမှာတော့ သတင်းထောက် Matt Belloni ရဲ့ အဆိုအရ သိခဲ့ရပါတယ်။ Mission: Impossibe — Final Reckoning ဟာ စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၀၀ အထိ ကုန်ကျထားကြောင်း Mark Belloni က The Town podcast အစီအစဥ်မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် The Hollywood Reporter မဂ္ဂဇင်းကလည်း Mission: Impossibe — Final Reckoning ဟာ ကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်အထိကုန်ကျထားကြောင်း လွန်ခဲ့တဲ့လပိုင်းက ရေးသားဖော်ပြခဲ့ပါသေးတယ်။
ယခင်ကရုံတင်ခဲ့တဲ့ Mission: Impossibe — Dead Reckoning Part One ဟာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၀၀ ကျော်သာ ပြန်ရခဲ့တဲ့အတွက် ထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီ Paramount ဘက်က ဝင်ငွေအရ အရှုံးပေါ်ခဲ့ရသလို ယခု Mission: Impossibe — Final Reckoning ဟာလည်း ကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျခဲ့တာကြောင့် Paramount အတွက် မျက်ခုံးလှုပ်စရာဖြစ်နေပါတယ်။
Mission: Impossible – Dead Reckoning Part One နဲ့ Mission: Impossibe — The Final Reckoning ဟာ ဇာတ်လမ်းတစ်ခုတည်းဖြစ်ပြီး နှစ်ကားခွဲပြီးပြသမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ကမ္ဘာဖျက်လက်နက်တစ်ခုဟာ အင်အားကြီးဒုစရိုက်အဖွဲ့တစ်ခုဆီကိုရောက်ရှိသွားတဲ့ Ethan Hunt တို့အဖွဲ့ဟာ လက်နက်ကိုပြန်လည်ရယူဖို့ကြိုးစားကြတဲ့အကြောင်းဖြစ်ပါတယ်။
Mission: Impossible Dead Reckoning — Part One ကိုရော Mission: Impossibe — The Final Reckoning ကိုပါ ဒါရိုက်တာ Christopher McQuarrie က ရိုက်ကူးပေးထားတာဖြစ်ပြီး Tom Cruise, Esai Morales, Hayley Atwell, Ving Rhames, Simon Pegg, Rebecca Ferguson, Vanessa Kirby နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါသေးတယ်။
