4 w - Translate

လူတိုင်းနားလည်ထားတဲ့ traditional “Comfort Zone" ဆိုတာ အပူအပင်မရှိ သက်သောင့်သက်သာ ရှိနေတဲ့အခြေအနေကနေ ရုန်းထွက်ရမယ့်နေရာလို့ သိထားကြတယ် ။
ဒီစာအုပ်မှာပါတဲ့ A new view of comfort zone ဆိုတာက comfort zone ဆိုတာ ရုန်းထွက်ရမယ့် အရာမဟုတ်ဘူး ။ နေရာကျယ်သထက် ကျယ်လာအောင် ချဲ့ထွင်ယူရမယ့်အရာ ၊ ကိုယ့်ရဲ့ စက်ဝိုင်းက ကျယ်သထက်ကျယ်လာလေ ရှင်သန်ရတာ ပိုပြီး လွတ်လပ်လေ” ဆိုတဲ့ အမြင်သစ်ကနေ ချည်းကပ်ထားတဲ့ပုံစံ ။ “ ခက်ခက်ခဲခဲကြီး လုပ်နေမှ အောင်မြင်မှုဆီကို ရောက်နိုင်တာမျိုး မဟုတ်ပါဘူး ”
ဒီစာအုပ်က မူရင်းရေးသားသူ အမေရိကန်စာရေးဆရာမ Kristen Butlerက A New View of "The Comfort Zone" ကို စာရေးသူ မင်းသန့်က inspired လုပ်ပြီး "သက်သောင့်သက်သာရှိသော ဘဝနေထိုင်မှုအသစ်"ဆိုပြီး မြန်မာမှုပြုကာ ရေးသားထားပါတယ် ။
ရေးသားဖန်တီးမှု နှင့် ရည်ရွယ်ချက်
ထူးခြားချက်ကတော့ တိုက်ရိုက်ဘာသာပြန် ရေးသားထားမျိုး ၊ မြင်နေကျ ဖတ်နေကျ စာရေးဆရာတစ်ယောက်တည်းက ရေးထားတဲ့ပုံစံမဟုတ်ဘဲ Team တစ်ခုကနေ အမြင်စုံပေါင်းစပ်ပြီး စာဖတ်သူကို ချပြထားတဲ့ပုံစံနဲ့ မြင်ရပါလိမ့်မယ် ။ အများစု နားလည်ထားတဲ့ Comfort Zoneနဲ့ လားလားမှမတူတဲ့ New Comfort Zone အကြောင်းကို ဒီစာအုပ်ထဲမှာ အခန်း ၂၂ ခန်းနဲ့ ဖတ်ရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကိုယ်တိုင် ဆန်းစစ်ကြည့်လို့ရမယ့် exercise တွေ ပါပါလိမ့်မယ်….။
ဒီစာအုပ်က _
- လူငယ်တွေအတွက်၊
- မိဘတွေအတွက်၊
- ပညာရေးနယ်ပယ်က ဆရာ၊ ဆရာမတွေအတွက်
စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ရည်ရွယ်ထားတဲ့ စာအုပ်ဖြစ်လို့ ကိုယ်တိုင်အတွက်လည်း ဖတ်လို့ရသလို ကိုယ့်ပတ်ဝန်းကျင်က တခြားသူတွေအတွက်လည်း ဖတ်ပြီး ပြန်အသုံးချလို့ရတဲ့ တစ်သက်စာအသုံးဝင်မယ့် လျှို့ဝှက်ချက်တွေ အများကြီး ပါပါတယ် ။
အသေးစိတ် သိချင်တယ် ဆိုရင်တော့ Page Messenger မှာ မှာယူရရှိနိုင်ပါတယ်ရှင့် ။
#မင်းသန့် (Min’s Beauty Book)
#သက်သောင့်သက်သာရှိသောဘဝနေထိုင်မှုအသစ်

image