တကယ်ရောင်းသင့်တာ 🫠
.
Apple TV+ က Severance Series က တလောကမှ Season 2 အဆုံးသတ်သွားတာဖြစ်ပါတယ်။ ဒီ Severance Series က Apple ဘက်ကနေ Season 2 မစခင်ထဲ တခြား Apple TV+ Show တွေထက် ပိုပြီး Promotion တွေလုပ်ခဲ့သလို အခုလည်း ထပ်ပြီး ထူးထူးခြားခြား Promote လုပ်နေပြန်ပါပြီ။
ဒါကတော့ Apple Website ထဲက Mac တွေရဲ့ နေရာမှာ Severance Series ထဲက LUMON ကုမ္ပဏီက Micro Data Refinement လုပ်တဲ့နေရာမှာ သုံးရတဲ့ Terminal Pro ကွန်ပျူတာကို ထည့်ပြီး ပြသထားတာဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုမကောင်းတာက ဒီ Lumon Terminal Pro ကို ဝယ်နိုင်မှာတော့မဟုတ်ပဲ Apple ကနေ Severance Series ကို Series အကုန်လုံးကို Mac mini | iMac နဲ့ MacBook Pro တွေကိုပဲ သုံးပြီး ဘယ်လိုရိုက်၊ ဘယ်လို Edit လုပ်ထားတယ်ဆိုတဲ့ Video ကိုပဲ ကြည့်လို့ရပါမယ်။
Severance Series က Apple TV+ ရဲ့ အကောင်းဆုံး Series တစ်ခုလို့ပြောလို့ရတယ်၊ Concept ကအစ ကွဲထွက်ပြီး ပြင်ပဘဝနဲ့ အလုပ်ထဲကဘဝကို မဆက်စပ်မိတော့တဲ့အထိ ခွဲခြားထားတဲ့ Work/Life Balance ကို ရည်ရွယ်ထားတယ်ဆိုပေမယ့် တစ်ပိုင်းပြီးလေ စိတ်ဝင်စားစရာပိုကောင်းလာလေဖြစ်တဲ့ Series ပါ။
Apple TV+ က Overall Series တွေတော်တော်လေးကောင်းတယ်၊ ဒါပေမယ့် တလောကသတင်းအရဆို Apple က အခုအထိ Apple TV+ နဲ့ ပတ်သက်ပြီး တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံအရှုံးပေါ်နေတုန်းလို့လည်း သိရတယ်။ ဒါကြောင့်ပဲ ပိုကြည့်အောင် အခုလို ကြော်ငြာနေလားတော့ မသိဘူးပေါ့...။
ဘာပဲဖြစ်ဖြစ် Sci-Fi ပိုင်း စိတ်ဝင်စားရင် Apple TV+ က တော်တော်လေးကောင်းတဲ့ Streaming Service တစ်ခုပါ၊ လောလောဆယ် Mac ဝယ်ရင် Apple TV+ ကို ၃ လ Free ကြည့်လို့ရအောင်လည်း Promotion လုပ်နေတယ်ဆိုတော့ Severance လို Series တွေက ကြည့်ကြည့်သင့်ပါတယ်။ ကြည့်ပြီးရင်လည်း Season 2 Ending က Mark လုပ်ရပ်မှန်လား ငြင်းကြတာပေါ့ 🫠
