4 w - Translate

ဘောလုံးလောကမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်လာပြီဆိုရင် သတိသာထားပေတော့။ ဒီဘဲကြီးက သူလိုချင်တာတွေ့ပြီဆိုရင် မရရအောင်၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ အရယူလေ့ရှိတယ်။ အသင်းကိုလည်း သူ့ရဲ့အသက်မှာအောင်မြင်မှုတွေရအောင်လုပ်ပေးခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ဘောလုံးအသင်းအတွက် ဖလား 37 လုံး၊ ဘတ်စကတ်ဘောအသင်းအတွက် ဖလား 28 လုံးရအောင် ပီရက်ဇ်ကလုပ်ဆောင်ပေးထားတယ်။

ဒီအောင်မြင်မှုတွေကို အသုံးချပြီးတော့လည်း ပီရက်ဇ်က သူလိုချင်တာတွေ့ပြီဆိုတာနဲ့ အရယူလေ့ရှိတယ်။ ဒါကလည်းသူ့ရဲ့အရည်အချင်းပဲလေ၊ ရီးရဲလ်ကိုအောင်မြင်အောင် သူကိုယ်တိုင်လုပ်ပေးခဲ့တာကိုး။ အမ်ဘာပေလို ဘောလုံးလောကရဲ့ဈေးအမြင့်ဆုံးကစားသမားကို ပီအက်စ်ဂျီကနေအလွတ်နဲ့မရရအောင်ခေါ်ပြခဲ့သလို လီဗာပူးပရိသတ်တွေရဲ့အသည်းကျော် အာနိုးလ်ကိုလည်း အလွတ်နဲ့ရအောင် အောင်မြင်မှုတွေကိုအသုံးချပြီးခေါ်ပြသွားခဲ့တာက ကြောက်ဖို့ကောင်းလွန်းလှပါတယ်။

image