4 w - Translate

ကားဘက်ထရီအစွမ်းပြဖို့ ၆ ထပ်တိုက်ပေါ်ကနေ ဖရဲသီးပစ်ချပြတဲ့ Xiaomi
ဖရဲသီးတစ်လုံး ၆ လွှာကနေ ပစ်ချခဲ့ပေမယ့် မကွဲဘဲ အကောင်းပကတိအတိုင်း ဖြစ်နေရင် အတော့်ကို အံ့ဩရပါလိမ့်မယ်။
ဒီအဖြစ်က တကယ် ဖြစ်ခဲ့တာပါ။ Xiaomi ကုမ္ပဏီက သူ့ကားမှာ သုံးမယ့် ဘက်ထရီဘယ်လောက် ဘေးကင်းစိတ်ချရကြောင်းကို ဖရဲသီးတစ်လုံးနဲ့ လက်တွေ့စမ်းပြသွားတာပါ။ Xiaomi ရဲ့ အမိုက်စား နည်းပညာသက်သေပြမှုလို့ ဆိုနိုင်ပါတယ်။
Xiaomi CEO လေကျွမ်က သူ့ ဘေဂျင်းကားစက်ရုံရဲ့ ၆ ထပ်မြောက်ကနေ မီးခိုးရောင် coating သုတ် ဖရဲသီးကို လွှတ်ချပြခဲ့ပါတယ်။ ဒီဖရဲသီးက Xiaomi SU7 Ultra ဘက်ထရီအိုးမှာ သုံးတဲ့ coating ကိုပဲ သုတ်ထားတာပါ။ ဒီ coating က ရိုးရိုး coating မဟုတ်ပါဘူး။
စုတ်ပြဲ ပျက်စီးတာ အချွန်နဲ့ထိုးတာတွေပါ ခံနိုင်ရည်ရှိတဲ့ ကျည်ကာ bulletproof ဘက်ထရီ coating မျိုး ဖြစ်ပြီး ရိုးရိုး PVC coatings ထက် အပေါက်အပြဲဒဏ် ၁၀ ဆကျော် ပိုခံနိုင်ပါတယ်။ ဒါကြောင့်ပဲ coating သုတ် ဖရဲသီးက တိုက်အောက် ကျသွားချိန် ကွဲမသွားတာလို့ ပြောပါတယ်။
ဒီ coating နည်းပညာသစ်သုံးထားတဲ့ Xiaomi SU7 Ultra EV ကားက ပြီးခဲ့တဲ့လက ဈေးကွက်ထဲ ဝင်ခဲ့ပါတယ်။ ဒေါ်လာ ၇၅၀၀၀ တန် ဒီမော်ဒယ်က luxury ကားဈေးကွက်မှာ လူကြိုက်များနေပြီး ဈေးကွက်ထဲ ဝင်ပြီး ၂ နာရီအတွင်း အော်ဒါ ၁၀၀၀၀ ကျော် ရထားတယ်လို့ ဆိုပါတယ်။

image