4 w - Translate

Asus VU Air Lonizer
Asus သည် VU Air Ionizer မော်နီတာစီးရီးအသစ် မိတ်ဆက်ခဲ့သည်။အဆိုပါ seriesတွင်အမြင်အာရုံကို ကောင်းမွန်စေရုံသာမက လေထုသန့်စင်မှုပါဝင်သောအရည်အသွေးမြင့် မော်နီတာဖြစ်ပြီး နာနိုအိုင်ယွန်းနည်းပညာကို အသုံးပြု၍ တစ်မီတာ (1m³) အတိုင်းအတာအတွင်းသန့်စင်ပေးနိုင်သည်။သုံးနာရီအတွင်း လေထဲရှိ ဖုန်မှုန့်များ၏ ၉၀% အထိ ဖယ်ရှားပေးနိုင်သည်။

Model ၃မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပြီး ၎င်းတို့ကတော့-

VU249HFI-W (23.8” Full HD)

VU279HFI-W (27” Full HD)

VU34WCIP-W (34” 4K Ultrawide)

မော်နီတာတိုင်းတွင် IPS panel, 100Hz refresh rate ပါရှိပြီး Asus ၏ SmoothMotion နည်းပညာကြောင့် ghosting (ပုံရိပ်ပျက်ခြင်း) ကို လျှော့ချပေးနိုင်သည်။ Eye Care Plus စနစ်က Low Blue Light နှင့် Flicker-Free နည်းပညာများဖြင့် မျက်စိကို ကာကွယ်ပေးမည်ဖြစ်ပြီး Rest Reminders နှင့် Color Augmentation တို့ကသုံးစွဲသူများကိုသက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အတွက် အထူးစီမံထားသော ဒီဇိုင်း ဖြစ်ပြီးသုံးစွဲသူများ​၏ မျက်စိကျန်းမာရေးအတွက်သင့်တော်မည့်နည်းပညာမြှင့်အသုံးအဆောင်တစ်ခုလဲဖြစ်လာမည်။

image