4 w - Translate

သိပ်မတိုးတက်သေးတဲ့လူတွေ ၊ မအောင်မြင်သေးတဲ့ လုပ်ငန်းတွေဟာ လိုအပ်နေတဲ့ အထောက်အပံ့တွေ ၊ လှုံ့ဆော်မှုတွေ လုံလုံလောက်လောက်ရလာပြီး လမ်းကြောင်းမှန်သွားပြီဆိုရင် ဆနဲ့ချီပြီး တိုးတက်ပြောင်းလဲနိုင်ပါတယ် ။
(လုပ်ငန်းရှင်တွေ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့) အဓိကအားဖြင့် လုပ်ငန်းတိုးတက်ပြောင်းလဲဖို့ တာဝန်က အပြင်မှာမဟုတ်ဘဲ ငါ့ဆီမှာရှိတာဖြစ်တယ်၊ ငါတာဝန်ယူရမယ်ဆိုတဲ့ အမြင်ရှိဖို့လိုတယ်။ ကြီးပွားတိုးတက်ဖို့ သင် ဘာလုပ်ငန်းလုပ်နေသလဲဆိုတာထက် ဘယ်လိုလုပ်နေသလဲဆိုတာက ပိုပြီးအရေးပါပါတယ်။ သင့်ကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးမယ့်အရာက လုပ်ငန်းမဟုတ်ဘဲ လုပ်နည်းဖြစ်တယ်ဆိုတာကို လက်ခံဖို့လိုတယ်။
သင့် လုပ်ငန်းတိုးတက်ဖို့အတွက် သိပ်ကို ဆန်းပြားခမ်းနားတဲ့ မဟာဗျူဟာတွေထက် ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ မဟာဗျူဟာတွေကို သေသေချာချာ နားလည်သဘောပေါက်ပြီး အမြဲတမ်းအသုံးပြုနေဖို့ လိုတယ်ဆိုတာ သင့်အနေနဲ့ နားလည်သဘောပေါက်ဖို့လိုတယ်။
#အမြတ်ငွေဆနဲ့ချီပြီးတိုးတက်စေနိုင်မယ့်ရိုးရှင်းသောစီးပွားရေးမဟာဗျူဟာများ #business #engrepreneurship #startup #smallbusiness

image