4 w - Translate

ရန်ကုန်မြို၌ ရှင်အပါး ၅,၅၀၀ လှည့်လည်စဉ် ခေတ္တလမ်းပိတ်/လမ်းလွှခြင်းများ ပြုလုပ်မည်
*******************
(ပြည်တွင်း) မတ်လ ၂၆
ရန်ကုန်မြို့၌ လာမည့်ဧပြီလ ၂ ရက်တွင် မှော်ဘီမြို့၊ သဲဖြူတောရဆရာတော်ကြီးရဲ့ ဩဝါဒကိုခံယူပြီး ရှင်အပါး ၅,၅၀၀ အလှူပွဲကို လှည့်လည်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရပါတယ်။

ထိုသို့ အလှူပွဲကျင်းပလှည့်လည်စဉ် အတွင်း လှည့်လည်ကျင်းပမည့်လမ်းများဖြစ်တဲ့ အနောက်ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်း၊ ဦးဝိစာရလမ်းတို့ကို လမ်းခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်။

အနောက်ရွှေဂုံတိုင်လမ်းကို ရွှေဂုံတိုင်လမ်း(လင့်လမ်း)နဲ့ဆုံရာမှ ဦးဝိစာရလမ်းနဲ့ဆုံရာအထိလည်းကောင်း၊ အာဇာနည်လမ်းကို ရွှေတိဂုံတောင်ဘက်မုခ်မှ အနောက်ရွှေဂုံတိုင် လမ်းနဲ့ဆုံရာအထိ လည်းကောင်း၊ ဦးဝိစာရလမ်းကို ဓမ္မစေတီလမ်းနဲ့ဆုံရာ ဦးဝိစာရအဝိုင်းအထိလည်းကောင်း ခေတ္တလမ်းပိတ်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ပြည်သူ့ရင်ပြင်မှာ ကျင်းပဖြစ်လို့ ပြည်လမ်း(ပြည်လမ်း-အလုံလမ်းဆုံမှ)-မြေနီကုန်းတံတား အထိကို မနက် ၅ နာရီအချိန်မှ အခမ်းအနားပြီးချိန်အထိ ခေတ္တ လမ်းပိတ်၊ လမ်းလွှဲဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။

image