4 w - Translate

vV3+ Chip နဲ့ X200 Pro တောင် ကောင်းနေပြီ.. Ultra ဆိုရင် ဘယ်လောက်ပိုကောင်းလာဦးမလဲပဲ 👀
.
vivo ရဲ့ Flagship X Series ဖုန်းတွေက ZEISS နဲ့ Camera Lens ပိုင်းတွေ၊ Camera Software ပိုင်းပူးပေါင်းထားသလို တဖက်မှာလည်း vivo က အခုလို ကင်မရာပိုင်း သိသိသာသာပိုကောင်းနေအောင် Processor Chipset အပြင် ကိုယ်ပိုင် Image Processing Chip တွေကို ထည့်သုံးနေတာဖြစ်ပါတယ်။​
vivo X200 Pro လိုမျိုး လက်ရှိမှာ ကင်မရာပိုင်းအကောင်းဆုံးလို့ ဆိုနိုင်တဲ့ဖုန်းဆိုရင်လည်း vivo ကနေ V3+ နာမည်ပေးထားတဲ့ Image Processing ပိုင်းကို ကိုင်တွယ်တဲ့ Chip တစ်ခုကို ထည့်ပေးထားပါတယ်။
အခုလည်း လာမယ့် ဧပြီလအတွင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားတဲ့ vivo X200 Ultra ဖုန်းမှာ V3+ Chip အပြင် နောက်ထပ် VS1 လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် Chip အသစ်တစ်ခုကိုပါ ထည့်သွင်းထားမှာဖြစ်တယ်ဆိုပြီး ကြေညာလိုက်ပါပြီ။​ ဒါကြောင့် vivo X200 Ultra ဟာ Image Processing ပိုင်းကို Chip ၂ ခုဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။​
VS1 Imaging Chip ဟာ V3+ လိုမျိုးပဲ Processor Chipset နဲ့မဆိုင်ပဲ သီးသန့် Independent Chip တစ်ခုဖြစ်မယ်၊​ Dual-Core Processing Chip အမျိုးအစားဖြစ်ပြီး V3+ နဲ့ မတူတာက ဒီ VS1 Chip က PreISP Chip အမျိုးအစားဖြစ်မယ်လို့ ဆိုထားတာပဲ။
အဓိပ္ပါယ်က လက်ရှိ V3+ Chip က ဖုန်းကရိုက်လိုက်တဲ့ ဓါတ်ပုံတွေကို ပြန်ပြီး Process လုပ်ပေးတဲ့ ISP တစ်ခု - Post Processing Chip တစ်ခုဖြစ်ပေမယ့် VS1 ကြတော့ ဒီလို ရိုက်ပြီးမှ ပြန်ပြီး ပြင်ပေးတာမဟုတ်တော့ပါဘူး။
အဲ့အစား VS1 Chip က မရိုက်ခင်၊ ဓါတ်ပုံမထွက်လာခင်ထဲက Image Quality ကို ပိုကောင်းအောင်၊ V3+ Chip က Post Processing ပိုင်းမှာ ပိုကောင်းကောင်းလုပ်နိုင်အောင် လုပ်ပေးသွားမယ်၊ အထူးသဖြင့် V3+ Chip မှာ Algorithm တွေရှုပ်နိုင်တဲ့ ရှုပ်ထွေးတဲ့ အနေအထားမျိုးတွေ၊ Portrait ပုံတွေမှာ VS1 Chip ကနေ အရင် ကြိုပြီး Processing လုပ်ပေးသွားမှာပါ။
အသေးစိတ်ကတော့ vivo ကနေ X200 Ultra ဖုန်းကို မိတ်ဆက်တော့မှပဲ သိရလောက်မယ်၊ ဘာပဲဖြစ်ဖြစ် ဒီလို ZEISS လို နာမည်ကြီး ကင်မရာ Brand တစ်ခုနဲ့ ပေါင်းရုံတင်မဟုတ်ပဲ ကိုယ်ပိုင် Image Processing Chip တွေပါထုတ်ပြီး သေချာလုပ်နေလို့လည်း vivo X Series ဖုန်းတွေ သိသိသာသာကို ကင်မရာပိုင်း သေချာတိုးတက်လာတာဖြစ်နိုင်တယ် 👀

image