4 w - Translate

“ ကျွန်တော်တို့ဘ၀မှာ ပြဿနာတွေ ရှိတယ် ။ အခက်အခဲတွေရှိတယ် ။ အဲဒီပြဿနာတွေ ၊ အခက်အခဲတွေကလည်း တကယ်တမ်းပြောရရင် ကိုယ့်ဘ၀အောင်မြင်တိုးတက်ဖို့ ၊ ကိုယ့်ဘ၀ ဒီထက်တစ်ဆင့်တက်ဖို့အတွက် လုပ်ပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ် ။ အဲဒီပြဿနာတွေကို ဘယ်သူ့ကိုမှ ဖြေရှင်းခိုင်းလို့ မရပါဘူး ။ ကိုယ်တိုင်ပဲ ဖြေရှင်းရပါလိမ့်မယ် ။ ”
ဒီစာအုပ်မှာ “ တိုးတက်အောင်မြင်မှု ” နဲ့ “ ပျော်ရွှင်သောဘ၀ ” ဆိုတဲ့ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ် ။
အထူးသဖြင့် လူငယ်တွေ ဖတ်ဖို့ ရည်ရွယ်ထားပြီး .....
🌸 ဘ၀မှာ အခက်အခဲတွေ ရှိလာတဲ့အခါ ဒါတွေကို ဘယ်လိုကျော်လွှားမလဲ
🌸 အောင်မြင်မှုအတွက် လျှို့ဝှက်ချက်တွေ
🌸 လူတစ်ယောက် ဘာကြောင့် မတိုးတက်တာလဲ
🌸 ဘ၀မှာအရေးကြီးတဲ့ ချစ်ခြင်းမေတ္တာ
🌸 နေ့စဉ်ဘ၀အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုက ဘာလဲ
စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာစုတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ် ။
#ရင်ဆိုင်ပါ_ကျော်ဖြတ်ပါ
#ဥာဏ်လင်းအောင်

image