4 w - Translate

ဒီနေရာကိုတော့ Giant's Causeway လို့ခေါ်ပြီး မြောက်အိုင်ယာလန်နိုင်ငံ၊ အန်ထရမ်ကမ်းရိုးတန်းမှာတည်ရှိတဲ့ သဘာဝအံ့ဖွယ်နေရာတစ်ခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ သန်းကနေ ၆၀ သန်းကြား မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတာလို့ ပညာရှင်တွေခန့်မှန်းထားတဲ့ ဒီနေရာကို ကျောက်တိုင်ပေါင်း ၄၀,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။
အများအားဖြင့် ဆဌဂံ(ခြောက်ထောင့်) ပုံရှိတဲ့ ဒီကျောက်တိုင်တွေဟာ ပင်လယ်ထဲကနေ ထိုးထွက်နေပြီး ထူးခြားတဲ့ မြင်ကွင်းတခုကို ဖန်တီးပေးထားပါတယ်။
ဒေသခံတွေရဲ့ ဒဏ္ဍာရီအရတော့ ဘီလူးကြီးတွေ တကောင်နဲ့ တကောင်တိုက်ခိုက်ဖို့အတွက် ဒီလမ်းကို ဖန်တီးခဲ့တယ်လို့ ဆိုကြပါတယ်။
Giant's Causeway ဟာ ၁၉၈၆ ခုနှစ်မှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံခဲ့ရပြီး နှစဉ်ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
ဒီနေရာကို Grand Causeway, Middle Causeway နဲ့ Causeway Head ဆိုပြီး နေရာ ၃ခု ထပ်ခွဲထားပါတယ်။
Grand Causeway ဟာ အရှည်ဆုံးကျောက်တိုင်တွေရှိတဲ့နေရာဖြစ်ပြီး ဒီနေရာကကျောက်တိုင်တွေဟာ အမြင့်ပေ ၁၂ မီတာ (၄၀ ပေ) အထိရှိပါတယ်။
Causeway Head မှာတော့ ထူးခြားတဲ့ပုံစံရှိတဲ့ ကျောက်တိုင် ပုံစံတွေကို တွေ့နိုင်ပါတယ်။ အဲဒါတွေကတော့ ဘီလူးကြီးရဲ့ဖိနပ်, ဘီလူးကြီးရဲ့အော်ဂန် နဲ့ မီးခိုးခေါင်းတိုင်ထိပ်ဖျား တို့ ဖြစ်ပါတယ်။
#thutacity
#crd

image
image
image
image