ဒီတစ်ခါမှာတော့ ကျောင်းဆရာမတစ်ယောက် နှင့် ဆိုးသွမ်းတဲ့ ကျောင်းသားတွေ အကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ခုကို ညွှန်ပေးချင်ပါတယ်။
ဇာတ်ကားက အကြောဆွဲရောဂါကို ခံစားနေရတဲ့ Naina မိန်းကလေးတစ်ယောက်နဲ့စထားတယ် အကြောဆွဲရောဂါဆိုတာကလည်း ဦးနှောက် ထဲက အာရုံကြောတွေ တစ်ခါတစ်လေ စည်းချက်မကျတဲ့ အချိန်မှာ ကြို့ထိုးတာမျိုးပါ...
Naina ရဲ့ ဖြစ်ချင်တာက ရိုးရှင်းပါတယ် ကျောင်းဆရာမ ဖြစ်ချင်တာပါ အဲ့ဒီအတွက်သူ့မှာ ရှိနေတဲ့ ဘွဲ့ ဒီဂရီတွေက လိုအပ်တာထက်တောင် ပိုနေပါသေးတယ် ဒါပေမဲ့ အကြောဆွဲရောဂါရှိနေတဲ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ
Naina ကို ကျောင်းတွေက ဆရာမအဖြစ် မခေါ်ချင်ကြပါဘူး။
ဒါပေမဲ့ လည်း တစ်နေ့တော့ St.Nokler's ကျောင်းမှာ 9F အခန်းကိုသင်မယ့် ဆရာမတစ်ယောက်အမြန်လိုနေမလို့ နှစ်၀က်ကြီးမှာ Naina ကိုသင်ဖို့ ခန့်လိုက်လေရော။နှစ်၀က်ကြီးမှာ ဆရာမမရှိတာလည်း အကြောင်းရှိတာပေါ့ 9F က ကျောင်းသားတွေက သင်တဲ့ဆရာတွေ ထွက်ပြေးရလောက်တဲ့အထိ ဆိုးသွမ်းကြတယ် ကျောင်းမှာလည်း အညံ့ဆုံးစရင်း၀င်တွေပေါ့ ကျောင်းက အလုပ်သမားတွေကရဲ့ ကလေးတွေဖြစ်ရတာမလို့ ဆင်းရဲတဲ့ ကျောင်းသားတွေဆိုလည်း မမှားပါဘူး... အဲ့လိုအခန်းကို Naina က သင်ရမှာပါ။
ဒီလို ဆိုးသွမ်းနဲ့ ကလေးတွေနဲ့ အကြောဆွဲရောဂါရှိတဲ့ ဆရာမ တို့ ကျောင်းမှာ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်ကားထဲမှာ အတုယူစရာတွေအများကြီးပါပါတယ်
အထူးသဖြင့် Naina က သူရဲ့ ရောဂါအတွက် ရှက်နေမျိုးမရှိဘဲ သာမာန်လူတစ်ယောက်လိုပဲ သိမ်ငယ်မနေဘဲ နေထိုင်ပါတယ် ။ ကြည့်နေတဲ့ သူတွေ အတွက်ပါ စိတ်ခွန်အားရစေတာမျိုးလေး။
" ဝင်ရိုးစွန်းကြယ်လေးဟာ သင်္ဘောတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး ” ပါပဲ တဲ့။
အဲ့လိုလေးပြောပြီး 9F ကကျောင်းသားတွေ နှင့် ဆရာမတို့ရဲ့ ဆက်ဆံရေးလေးကိုပြထားတာက အရမ်းကိုကြွေဖို့ကောင်းလွန်းတယ်။
" နားထောင် မင်းတို့ကြောက်တဲ့ အရာတွေကို စာရွက်ပေါ်မှာ ရေးချလိုက် ပြီးတော့ အဲ့ဒီစာရွက်ကို လေယာဉ်ပုံစံလေးခေါ်ပြီး လွှင့်ပစ်လိုက် မင်းတို့ကြောက်တဲ့အရာကိုမင်းတို့ လက်ခံလိုက်ပြီဆိုရင် အဲ့တာတွေကို မင်းတို့ စက္ကူလေယာဉ်အောက်က လေအဖြစ် ပြောင်းလဲသွားလိမ့်မယ်တဲ့ "
တကယ်ကိုတန်ဖိုးရှိတဲ့စကာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းလေးကို ကြည့်ရင်း ကိုယ်ရဲ့ ဆရာကောင်း သမားကောင်းတွေကို သတိရနေမိမှာတော့ ကျွန်တော်ပြောစရာတောင်လိုမယ်မထင်ပါဘူး။
ဆိုတော့ ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းရင်းနဲ့ပဲ ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ Telegram channel မှာ တင်ပေးထားပါတယ်လို့ အသိပေးချင်ပါတယ်ခင်ဗျာ။
