4 ပတ် - ဘာသာပြန်ပါ။

Tesla ကားတွေ မီးရှို့ဖျက်ဆီးခံရမှု စုံစမ်းရေးအဖွဲ့ FBI ဖွဲ့စည်း
အီလွန်မတ်စ်ကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ Tesla ကားဖျက်ဆီးသူတွေကို အရေးယူဖို့ FBI က အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်ပါတယ်။
ဒီအဖွဲ့က သမ္မတထရမ့်ရဲ့ DOGE ခေါင်းဆောင် အီလွန်မတ်စ်နဲ့ ဆက်စပ်နေတဲ့ Tesla ပိုင်ပစ္စည်းတွေ အကြမ်းဖက်ဖျက်ဆီးမှုကို စုံစမ်းဖော်ထုတ်တော့မှာပါ။ FBI ညွှန်ကြားရေးမှူး ပတ်တယ်ကလည်း ဒီလို ဖျက်ဆီးမှုတွေကို ပြည်တွင်းအကြမ်းဖက်မှုလို့ ခေါ်ထားပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။
လောလောဆယ် Tesla ကုမ္ပဏီ ရုံးစိုက်တဲ့ အော်စတင်မြို့က Tesla ကားပြခန်းတစ်ခုမှာ မီးလောင်ပေါက်ကွဲနိုင်တဲ့ ပစ္စည်းအမြောက်အများ တွေ့ပြီးနောက် ဗုံးရှာရေးအဖွဲ့ပါ လွှတ်ပြီး ဖယ်ရှားခဲ့ရပါတယ်။ FBI ရဲ့ အဖွဲ့က အရက် ၊ ဆေးရွက်ကြီး ၊ လက်နက်ခဲယမ်း နဲ့ ပေါက်ကွဲရေးပစ္စည်းဗျူရိုနဲ့ ပေါင်းပြီး စုံစမ်းစစ်ဆေးမှု လုပ်သွားမယ်လို့ ဆိုပါတယ်။
အစိုးရအသုံးစရိတ်ဖြတ်တောက်ရေးအတွက် အသစ်ဖွဲ့လိုက်တဲ့ DOGE မှာ အီလွန်မတ်စ် ဦးဆောင်ပြီး အလုပ်ထုတ် ၊ အသုံးစရိတ်ဖြုတ်တာတွေ လုပ်တဲ့နောက် Tesla ကို ဆန့်ကျင်မှုတွေ ရှိလာတာပါ။
Tesla Takedown နာမည်နဲ့ အဖွဲ့တစ်ဖွဲ့ဆို အမေရိကန်က မတ်လ ၂၉ ရက်နေ့ Tesla showroom ၃၀၀ နီးပါးရဲ့ အပြင်ဘက်မှာ ဆန္ဒပြပွဲတွေ လုပ်ဖို့ လှုံ့ဆော်ထားပါတယ်။ ဒီလို အကြမ်းမဖက် ဆန္ဒပြမှုအပြင် လက်ရှိ ကနေဒါနဲ့ အမေရိကန်မှာ Tesla ကားမီးရှို့ ဖျက်ဆီးမှုပေါင်း အနည်းဆုံး ၈၀ လောက် ရှိထားပါတယ်။

image