4 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဗန်ကောက်တွင် ရေနုတ်မြောင်းသန့်ရှင်းရေးလုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ဓာတ်လိုက်သေဆုံး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဗန်ဆူးခရိုင် ပရာချာချူးလမ်း ၃၇ ပေါ်ရှိ ရေနုတ်မြောင်းအား သန့်ရှင်းရေးဆင်းလုပ်သည့်မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး မတ် ၂၄ ရက် ည ၁၂ နာရီခန့်က ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
၎င်းတို့မှာ အနက် ၁၅ မီတာ နှင့် အကျယ်သုံးမီတာရှိသည့် တွင်း ထဲတွင်သန့်ရှင်းရေးလုပ်နေသည့်အချိန် မြေအောက်လျှပ်စစ်ကြိုး ပေါက်ကို ထိမိရာမှဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ Prachachuen ရဲစခန်း ရဲတပ်ဖွဲ့ဝင်များ၊ Bang Son မီးသတ်ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကူညီခဲ့ကြကြောင်း သိရသည်။
သေဆုံးသူ မြန်မာလုပ်သားနှစ်ဦးမှာ ကိုမင်းလွင်ဝင်း (၃ဝ)နှစ်နှင့် ကိုလင်းနိုင်(၃၅)နှစ်တို့ဖြစ်ကာ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့သည့်အတွက် ၎င်းတို့ရသင့်ရထိုက်သော နစ်နာကြေးများရရှိရန် ကျန်ရစ်သူမိသားစုများက AAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းထားကြောင်း သိရသည်။

image