"အလကားလူ" မဖြစ်စေနဲ့
▪▪▪▪▪▪
ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။
#စာပေ
