ဖြူဖြူ မဖိတ်ခင်တည်းက သူမပွဲကို ကြည့်ဖို့ $250 တန်လက်မှတ်ကြိုဝယ်ပြီး အားပေးထားခဲ့တဲ့ ယုဇန
အဆိုတော် ယုဇနက ဖြူဖြူကျော်သိန်းရဲ့ မမေ့မလျော့ဖိတ်ကြားမှုအပေါ် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ သို့သော်လည်း သူမ မဖိတ်ခင်တည်းက ဒေါ်လာ ၂၅၀ တန် လက်မှတ်ကို ကြိုပြီးသူမက ဝယ်ထားနှင့်ပြီးသားပဲဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာကျင်းပမယ့် ဖြူဖြူရဲ့ပွဲမှာတော့ သူမက 'ကြယ်' နဲ့ 'သူမ' သီချင်းကိုနားထောင်ဖို့ အရမ်းမျှော်လင့်နေပြီလို့ ယုဇနကဆိုပါတယ်။
