4 w - Translate

#ပြည်တွင်းသတင်း
◼မြန်မာနိုင်ငံရှိ တီဘီရောဂါလူနာများ ကုသမှုလက်လှမ်းမှီနိုင်ရန် ရုန်းကန်နေရဟု MSF ထုတ်ပြန်
မြန်မာနိုင်ငံရှိ တီဘီရောဂါလူနာများ ကုသမှုလက်လှမ်းမှီနိုင်ရန် ကြိုးစားရုန်းကန်နေရကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ ( MSF ) က ယမန်နေ့( မတ် ၂၄ ရက်) တွင် ထုတ်ပြန်သည်။
တီဘီရောဂါသည် ပျောက်ကင်းအောင်ကုသနိုင်သည့် ရောဂါဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်အခြေအနေများကြောင့် တီဘီရောဂါလူနာများ ကုသမှုလက်လှမ်းမှီနိုင်ရန် ကြိုးစားရုန်းကန်နေရကြောင်း MSF ကထုတ်ပြန်ထားသည်။
ထို့ပြင် တီဘီရောဂါကုသမှုသည် လနှင့်ချီကြာမြင့်နိုင်ပြီး ပြင်းထန်သည့် နောက်ဆက်တွက်သက်ရောက်မှုများကြောင့် စိတ်ကျန်းမားရေးအပေါ်တွင်လည်း ကြီးမားသည့် သက်ရောက်မှုဖြစ်စေနိုင်ခြင်း ၊ တီဘီလူနာများသည် ဆေးရုံတက်ရချိန်တွင် ဝင်ငွေနည်းပါးခြင်းကြောင့် ကုသမှုပြတ်တောက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေကိုဖြစ်ပေါ်စေခြင်းတို့ကြောင့် မရှိမဖြစ်လိုအပ်နေသည့် ကုသမှုကိုမရရှိကြသည့် တီဘီရောဂါလူနာများ၏ ကျန်းမာရေးအတွက် MSF က စိုးရိမ်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တီဘီရောဂါအများဆုံးဖြစ်ပွားနေသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ နှင့် HIV နှင့် ပူးတွဲဖြစ်ပွားသည့် တီဘီရောဂါတို့ ဖြစ်ပွားနေကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - CJ

image