#ပြည်တွင်းသတင်း
◼လမ်းဖြက်ကူးသည့် သားအမိသုံးဦး ကားတိုက်ခံရပြီး ထိခိုက်ဒဏ်ရာများရရှိ
ရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် ယမန်နေ့(မတ် ၂၅ ရက်) ညနေ ၇ နာရီခွဲခန့်က လမ်းဖြက်ကူးသည့် သားအမိသုံးဦးကားတိုက်ခံရပြီးထိခိုက်
ဒဏ််ရာရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာအမျိုးသမီးတစ်ဦးသည်အသက်၂ နှစ်ကျော်ကလေးတစ်ဦးနှင့် အသက် ၆ နှစ်ကျော်ကလေးတစ်ဦးတို့နှင့်လမ်းဖြက်ကူးစဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်းလာသော လိုက်ထရက်ကားဖြင့်တိုက်မိပြီး ၂ နှစ်ကျော်ကလေးငယ်မှာ မေးရိုကွဲဒဏ်ရာနှင့် အခြားဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးနှင့် အသက် ၆ နှစ်ကျော်ကလေးငယ်တို့မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့အသင်းရုံကိုယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းဝင်လာလို့ကျွန်တော်တို့လည်းချက်ခြင်းမြေပြင်ကယ်ဆယ်ရေးသွားလုပ်ခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားမှုကို စုံစမ်းကြည်တော့ကားကလည်းသူ့လမ်ကြောင်းအတိုင်းလာတာပါ။ သူတို့လမ်းဖြက်ကူးတဲ့နေရာမှာ လျှပ်စစ်မီးတွေကပျက်နေတော့ ကားသမားရှေ့ကိုသဲသဲကွဲကွဲမမြင်ရဘဲ တိုက်မိသွားကြောင်းသိရပါတယ်"ဟုပုလဲအရန်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သားအမိသုံးဦးကိုမြေပြင်ကူညီမှုများပြုလုပ်ပေးပြီး အသင်းပိုင်ယာဥ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ပုလဲအရန်မီးသတ်
