အနုပညာမှာသာမက ပညာရေးမှာပါ ထူးချွန်ခဲ့တဲ့ ပတ်ဘိုဂမ်
----
ပတ်ဘိုဂမ်သည် ၂၀၁၈ ခုနှစ်တွင် ဘွဲ့ရသည်အထိ လေးနှစ်ဆက်တိုက် မနားမနေ တက္ကသိုလ် တက်ရောက်ခဲ့သည်။
အနုပညာအလုပ်မှ နှစ်နှစ် အနားယူခဲ့သည့် ကာလအတွင်း တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
နာမည်ကျော် ဇာတ်လမ်းတွဲများ ဖြစ်သော "Reply 1988" နှင့် "Love in the Moonlight" တို့ကို ရိုက်ကူးနေစဉ် ကာလတစ်လျှောက်လုံးတွင်လည်း ပတ်ဘိုဂမ်သည် ပုံမှန်ကျောင်းသားတစ်ဦးအဖြစ် တက်ရောက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ၎င်း၏ တက္ကသိုလ်ကို ကိုယ်စားပြုကာ ဥရောပတွင် ပြုလုပ်သော ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွင် ပါဝင်ခဲ့သည်။
ဂီတပြဇာတ် (Musical Theater) အဓိကဖြင့် တက်ရောက်ခဲ့သူ ပတ်ဘိုဂမ်သည် ပြဇာတ်တို (one-act play) တစ်ခုကို ကိုယ်တိုင်ဒါရိုက်တာလုပ်ခဲ့ပြီး၊ အတန်း၏ ဘွဲ့နှင်းသဘင် ဖျော်ဖြေပွဲတွင်လည်း ဂီတဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။
တက္ကသိုလ်တွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များကြောင့် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အထူးအောင်မြင်မှုဆု (special achievement award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။
#mediaone
#crd
#topicnews
